play

 

၂၀၁၉ အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့်နိုဝင်ဘာအတွင်း ထိုင်းလက်ရွေးစင်အသင်းနဲ့ ရန်ကုန်မြို့မှာ ခြေစမ်းပွဲယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ အိန္ဒိယအသင်းနဲ့ အဝေးကွင်းပွဲစဉ် သွားရောက်ကစားရမှာဖြစ်ပြီး အဆိုပါခြေစစ်ပွဲအကြို ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၉ ရက်မှာ ထိုင်းအသင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

‘‘ကျွန်တော်တို့က ဖိတ်တာလည်းမဟုတ်ဘူး။ သူတို့ဘက်က ကစားဖို့ ကမ်းလှမ်းတာလည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ သူတို့ဘက်ကလည်း ခြေစမ်းပွဲကစားဖို့ရှိတာနဲ့၊ ကျွန်တော်တို့ဘက်ကလည်း ကစားဖို့ရှိတာနဲ့ ညှိနှိုင်းပြီးကစားဖြစ်သွားတာပါ’’ လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် အဆိုပါခြေစမ်းပွဲအတွက် ပွဲကစားမယ့်အချိန်ကိုသာ အပြီးသတ်ညှိနှိုင်းဖို့ ကျန်ရှိတော့တာ ဖြစ်ကြောင်း ဦးဘုန်းနိုင်ဇော်က ပြောထားပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့်သတင်း -နှစ်ပေါင်း ၅၀ နီးပါး တင်ထားသည့် ဂိုးသွင်းစံချိန်ကို ရော်နယ်ဒို ကျော်ဖြတ် )

play

 

ထိုင်းလက်ရွေးစင်အသင်းဟာ  ၂၀၁၉ အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်းဖြစ်ပြီး  မြန်မာအသင်းနဲ့  ထိုင်းအသင်းဟာ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအကြိုဗိုလ်လုပွဲအဆင့်မှာ နောက်ဆုံးတွေ့ဆုံထားပြီး နှစ်ကျော့စလုံး မြန်မာအသင်းက ရှုံးနိမ့်ထားပါတယ်။  ထိုင်းအသင်းဟာ နည်းပြည်အပြောင်းအလဲပြုလုပ်ထားပြီး အသင်းနဲ့  လမ်းခွဲခဲ့တဲ့ နည်းပြကိုင်တီဆတ်နေရာမှာ ဆားဘီးယားနိုင်ငံသား ရာယီဗက်ကို အစားထိုးခန့်အပ်ထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်မှာ ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိန္ဒိယအသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video