AD
AD
AD
play

 

အီတလီစီးရီးအေ ထိပ်တန်းကလပ် အင်တာမီလန်လူငယ် ယူ-၁၈ အသင်းနဲ့ မြန်မာလူငယ်အသင်းတွေ  ယှဉ်ပြိင်မယ့် ခြေစမ်းပွဲနှစ်ပွဲကို မန္တလေးမြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာ့ဘောလုံးအဆင့်အတန်းမြင့်မားရေးနဲ့ လူငယ်ကစားသမားတွေ အင်တာမီလန်အကယ်ဒမီသင်တန်းကျောင်းမှာ  တက်ရောက်နိုင်ရေးအတွက်  ပြီးခဲ့တဲ့ ၂၀၁၆ က အင်တာမီလန်အသင်း တာဝန်ရှိသူတွေက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နှစ်ဖက်တာဝန် ရှိသူတွေအနေနဲ့ အင်တာမီလန် လူငယ်အသင်းနဲ့ မြန်မာလူငယ် အသင်းတွေ ချစ်ကြည်ရေးခြေစမ်းပွဲများကစားဖို့ ရာနှုန်းပြည့်သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - မန်ယူကစားသမားဟောင်း ရွန်နီဂျန်ဆင်နဲ့ နည်းပြတွေ မြန်မာနိုင်ငံမှာ ဘောလုံးသင်တန်းလာပေးမယ်)

play

 

‘‘ခြေစမ်းပွဲကစားဖို့အတွက် ရာနှုန်းပြည့်  သဘောတူညီမှုရရှိ ထားပြီးပါပြီ။ ရန်ကုန်မှာဖိတ်ခေါ်ဖလားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈နဲ့ တခြားပြိုင်ပွဲတွေ ရှိတာကြောင့် မန္တလေးမှာပဲ နှစ်ပွဲစလုံးကစားဖို့အတွက် စီစဉ်နေတယ်။ ကစားသမားတွေရောက်ရင် သွားလာရေးအဆင်ပြေစေဖို့နဲ့ တည်းခိုတဲ့နေရာမှာ အဆင်ပြေစေဖို့အတွက် မန္တလေးက ဟိုတယ်တွေ၊ သယ်ယူပို့ဆောင်ရေးအဆင်ပြေဖို့အတွက် ကြိုတင်စီစဉ်နေတယ်’’ လို့ ဦးဇော်မင်းထိုက်က ပြောကြားထားတာ ဖြစ်ပါတယ်။

အဆိုပါခြေစမ်းပွဲတွေကို  မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး သြဂုတ် ၁၂ ရက်မှာ မြန်မာယူ-၁၈ နဲ့ အင်တာမီလန်ယူ-၁၈၊ သြဂုတ် ၁၄ရက်မှာ မြန်မာယူ-၂၂ နဲ့ အင်တာမီလန်ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဦးဇော်မင်းထိုက်က ပြောပါတယ်။ အင်တာမီလန်အသင်းဟာ ယူ-၁၈(က)အသင်းကို မြန်မာနိုင်ငံသို့ စေလွှတ်ကာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါခြေစမ်းပွဲဖြစ်မြောက်ဖို့  အင်တာမီလန်ယူ-၁၈ အသင်းကို ပွဲကစားကြေးနဲ့ လေယာဉ်စရိတ်၊ တည်းခိုနေထိုင်ခ တို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စိုက်ထုတ်သုံးစွဲရမှာဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းခန့်ရှိမှာဖြစ်ကြောင်း  အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD