play

 

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံယူ-၁၅ အမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းက မလေးရှားအသင်းနဲ့ ဒီနေညနေ( မေလ ၁၆ ရက်) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သရေကျရုံနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ အုပ်စု(က) အခြားပွဲတွေမှာ ထိုင်းက လာအိုကို ၃-၀ ဂိုး၊ ဗီယက်နမ်က မလေးရှားကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ ထိုင်းအသင်းက အုပ်စုပွဲစဉ်လေး ပွဲအပြီး လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်နဲ့ အုပ်စုပထမနေရာရရှိပြီး အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

play
မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းယှဉ်ပြိုင်ကစားနေစဉ်။

 

မြန်မာအသင်းက အုပ်စုပွဲစဉ်သုံးပွဲယှဉ်ပြိုင်ပြီးချိန်မှာ ရမှတ် ခြောက်မှတ်၊ လာအိုနဲ့ ဗီယက်နမ်က သုံးမှတ်စီ၊ မလေးရှားအသင်းက ရမှတ်မရှိသေးပါဘူး။  ဒီနေ့ကစားမယ့် အုပ်စု(က) နောက်ဆုံးပွဲစဉ်တွေမှာ မြန်မာနှင့် မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့ ယှဉ် ပြိုင်ကြမှာဖြစ်ပါတယ်။

မြန်မာအသင်းက ဒီပွဲမှာ အုပ်စုနောက်ဆုံးပွဲတွင် အနိမ့်ဆုံး သရေကျရုံနဲ့  အုပ်စုဒုတိယနေရာနဲ့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိမှာဖြစ်ကာ အုပ်စု(ခ) မှာ ဖိလစ်ပိုင်အသင်းက အုပ်စုပထမနဲ့  ကမ္ဘောဒီးယားအသင်းက အုပ်စုဒုတိယနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိထားပါတယ်။

ဒီပြိုင်ပွဲရဲ့အကြိုဗိုလ်လုပွဲအဆင့် ပွဲစဉ်တွေကို မေလ ၁၈ ရက်မှာ ကျင်းပမည်ဖြစ်ကာ တတိယနေရာလုပွဲနဲ့  ဗိုလ်လုပွဲကို မေ လ ၂၀ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

Source : 7DayDaily

Photos :MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

Local Sports

Video