play

 

ရန်ကုန်ယူနိုက်တက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့လူငယ်တိုက်စစ်မှူး သန်းပိုင်ကို ချင်းယူနိုက်တက်အသင်းက ခြောက်လ အငှားနဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ ဒီလိုခေါ်ယူမှုကြောင့် သန်းပိုင်အနေနဲ့ ယခု ၂၀၁၇ ဘောလုံးရာသီ ကုန်ဆုံးတဲ့အထိ ချင်းယူနိုင်တက်အသင်းမှာ ရှိနေတော့မယ်လို့ သိရပါတယ်။

ချင်းယူနိုက်တက် အသင်းက သန်းပိုင်ကို အငှားခေါ်ယူဖို့ ယခုလအစောပိုင်းကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် ရန်ကုန်ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူး အီမီကာ ဒဏ်ရာရရှိသွားခဲ့လို့ အပြောင်းအရွှေ့ပျက်မလို ဖြစ်ခဲ့သေးတာပါ။ ဒါပေမယ့် ရန်ကုန်ယူနိုက်တက်က တိုက်စစ်မှူးဟောင်း ဆီဇာကို ပြန်လည် ခေါ်ယူနိုင်ခဲ့လို့ သန်းပိုင်ကို အငှားစေလွှတ်ဖို့  ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သင်စိတ်ဝင်စားနိုင်သည့် ဆက်စပ်သတင်း(မလေးရှားကို အနိုင်ယူပြီး မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း အကြိုဗိုလ်လုပွဲတက်)

play

 

ဒီလိုခေါ်ယူမှုက ချင်းယူနိုက်တက်အတွက် ရာသီဝက် အပြောင်းအရွှေ့ ဈေးကွက်မှာ ဒုတိယမြောက်ခေါ်ယူမှု ဖြစ်ပြီး ယူ-၂၂ လက်ရွေးစင်ဟောင်း သီဟထက်အောင်ကိုလည်း ရန်ကုန်ယူနိုက်တက်ကနေ အငှားခေါ်ယူထားပါတယ်။

 ချင်းယူနိုက်တက် အသင်းက လက်ရှိအချိန်မှာ တန်းဆင်းဇုန်ထဲကို မကျရောက်ဖို့အတွက် ရုန်းကန်နေရပြီး ပွဲစဉ် ၁၃ အပြီးမှာ  အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရမှတ် ၁၀ မှတ်နဲ့ ရပ်တည်နေပါတယ်။

Source & Photo : MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video