play

 

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံယူ-၁၅ အမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက မလေးရှားအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

play

 

မြန်မာအသင်းက အုပ်စုပွဲစဉ်လေးပွဲယှဉ်ပြိုင်ပြီးချိန်မှာ ရမှတ် ကိုးမှတ်၊ ဗီယက်နမ်အသင်းက ခြောက်မှတ်၊ လာအိုကသုံးမှတ်နဲ့  မလေးရှားအသင်းက ရမှတ်မရှိသေးပါဘူး။ 

မြန်မာအမျိုးသမီးအသင်းရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကိုတော့ မေလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ၄နာရီ (မြန်မာစံတော်ချိန် ညနေ ၃း၃၀) အချိန်မှာဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play

 

ဒီပြိုင်ပွဲရဲ့အကြိုဗိုလ်လုပွဲအဆင့် ပွဲစဉ်တွေကို မေလ ၁၈ ရက်မှာ ကျင်းပမှာ ဖြစ်ကာ တတိယနေရာလုပွဲနဲ့  ဗိုလ်လုပွဲကို မေ လ ၂၀ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

Source & Photos : MFF

သင်စိတ်ဝင်စားနိုင်သည့် ဆက်စပ်သတင်း(သန်းပိုင်ကို ခြောက်လအငှားစာချုပ်နဲ့ ချင်းယူနိုက်တက်အသင်း ခေါ်ယူ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video