AD
AD
AD
play

 

၂၀၁၇ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကမ္ဘောဒီးယားအသင်းနဲ့ တတိယနေရာလုပွဲယှဉ်ပြိုင်ရတော့မှာပါ။

မေလ ၁၈ ရက်က လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့  အဆိုပါ ပြိုင်ပွဲအကြို ဗိုလ်လုပွဲစဉ်တွေမှာ ထိုင်းအသင်းက ကမ္ဘောဒီးယားအသင်းကို ၆-၀ ဂိုး၊ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို ၃-၂ ဂိုးနဲ့  အသီးသီးအနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာနှင့်ဖိလစ်ပိုင်ပွဲမှာ ဖိလစ်ပိုင်ကစားသမားတွေက ကြံ့ခိုင်မှုပိုကောင်းလို့ မြန်မာအသင်းအခက်တွေ့ခဲ့ပေမယ့် အပြန်အလှန် ယှဉ်ကစားနိုင်ခဲ့ပါတယ်။  ပွဲချိန် ၃၈ မိနစ်မှာ ဖိလစ်ပိုင်အသင်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး ဖိလစ်ပိုင်အသင်းကို ပြန်လည်ဖိအားပေးနိုင်ခဲ့ကာ စုပြည့်ပြည့်ကျော်က ပွဲချိန် ၄၇ မိနစ်နဲ့ ၅၇ မိနစ်တွင် နှစ်ဂိုးသွင်းယူကာ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြန်မာအသင်း ကစားအားအနည်းငယ် ကျဆင်းသွားပြီး ၅၇ မိနစ်နဲ့ ၇၅ မိနစ်မှာ ဖိလစ်ပိုင်အသင်းက နှစ်ဂိုး ပြန်လည်သွင်းယူခဲ့တာကို ခွင့်ပြုခဲ့ရလို့ ဗိုလ်လုပွဲတက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

အကြိုဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်အသင်းက ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ကာ မြန်မာနဲ့ ကမ္ဘောဒီးယားအသင်းက တတိယနေရာလုရမှာ ဖြစ်ပါတယ်။ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကို မေလ ၂၀ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD