AD
AD
AD
play

 

လာမယ့်ဇူလိုင်အတွင်း ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားရုံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ န၀မအကြိမ်မြန်မာ့ရိုးရာလက်ဝှေ့ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲမှာ  ၀ိတ်တန်းခုနစ်တန်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး ကွာ တားဖိုင်နယ်အဆင့်မှ စတင်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပြီး သရေပွဲမရှိဘဲ ငါးချီအထိ အလဲထိုးနိုင်ခြင်းမရှိပါက အမှတ်နဲ့ အနိုင်၊ အရှုံးဆုံးဖြတ်မှာဖြစ်ပါတယ်။  ‘‘ရွှေခါးပတ်လုပွဲမှာ သရေပွဲမရှိပါဘူး။ ငါးချီအထိအလဲ မထိုးနိုင်ဘူးဆိုရင် ဒိုင်တွေရဲ့ အမှတ်နဲ့ဆုံးဖြတ်မှာပါ။ ထိုးချက်များများထိုးပြီး ပိုထိအောင်ထိုးနိုင်တဲ့သူက အမှတ်ပိုရမှာပါ။ ဒီပြိုင်ပွဲမှာ အရင်က စိန်ခေါ်ပွဲတွေလို အနားတောင်းခွင့်မပါဘူး’’ လို့ ကြိုးဝိုင်းဒိုင်ဥက္ကဋ္ဌဦးဒေါင်းနီက ပြောထားပါတယ်။ လက်ရှိမှာ မြန်မာ့ရိုးရာလက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လက်ဝှေ့သမား ၅၄ ဦးစာရင်းသွင်းထားပြီး ၀ိတ်တန်းခုနစ်တန်းအနက် ၆၃ ဒသမ ၅ ကီလို တန်းနဲ့ ၆၇ ကီလိုတန်းတို့မှာ ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားနှစ်ဦးလိုအပ်နေသေးတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - သန်းပိုင်ကို ခြောက်လအငှားစာချုပ်နဲ့ ချင်းယူနိုက်တက်အသင်း ခေါ်ယူ)

play

 

ပြိုင်ပွဲကျင်းပမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့်  ပြိုင်ပွဲကို ဇူလိုင်မှာကျင်းပနိုင်ဖို့ စီစဉ်ထားကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။  ဗိုလ်လုပွဲတွေမှာ ပွဲစဉ် ခုနစ်ပွဲပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ကျင်းပတဲ့ရက်တွေမှာ  ပြည်တွင်းလက်ဝှေ့သမားတွေနဲ့ နိုင်ငံခြားသားလက်ဝှေ့ သမားတို့ ယှဉ်ပြိုင်မယ့် ပွဲစဉ်တစ်ပွဲကို ထည့်သွင်းကျင်းပဖို့ စီစဉ် ထားတယ်လို့လည်း ပြောထားပါတယ်။

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲမှာ ပြည်တွင်းနာမည်ကျော် လက်ဝှေ့သမား သွေးသစ်အောင်၊ ကြယ်စင်ဖြိုး၊ စောရန်ပိုင်၊ ရှမ်းကို၊ ရွှေရာမဉ်အပြင် အခြား နာမည်ကြီးလက် ဝှေ့သမားတွေ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၆ မှာ ကျင်းပခဲ့တဲ့ ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲမှာ ရွှေခါးပတ်ရရှိထားတဲ့ ချန်ပီယံတွေ ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်း  ဦးစိုင်းဇော်ဇော်က ပြောထားပါတယ်။

ပြိုင်ပွဲဆုကြေးတွေအဖြစ် ၅၁ နဲ့ ၅၄ ကီလိုတန်းမှာ  ရွှေခါးပတ်ရရှိပါက ဆုကြေး ကျပ် ၁၀ သိန်း၊ ၅၇၊ ၆၀၊ ၆၃ ဒသမ ၅ ကီလိုတန်းမှာ  ရွှေခါးပတ်ရရှိပါက ဆုကြေး ကျပ် ၁၅ သိန်း၊ ၆၇ နဲ့ ၇၁ ကီလိုတန်းတွေမှာ ရွှေ ခါးပတ်ရရှိပါက ဆုကြေး ကျပ်သိန်း ၂၀ ရရှိမှာဖြစ်ပါတယ်။

Source: 7Day Daily
Photos: Mizzima,  မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD