AD
AD
AD
play

 

အာရှဖလားခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားစာရင်းကို မေလ ၂၇ ရက်မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။

‘‘လက်ရွေးစင်အသင်း လူစာရင်းကို မေလ ၂၇ ရက်မှာ ထုတ်ပြန်ဖို့ရှိပါတယ်။  နည်းပြက သူ့စိတ်ကြိုက်ကစားသမားတွေ ရွေးပြီးနည်းစနစ်ဌာနကို ပို့ရမယ်။ ရတာနဲ့ ချက်ချင်းထုတ်ပြန် ပေးမှာပါ’’လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက  ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မတ်လ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အိန္ဒိယလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာ  ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။

play
မြန်မာအသင်းနှင့် အိန္ဒိယအသင်းယှဉ်ပြိုင်နေစဉ်။

 

မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းနဲ့ အာရှဖလားခြေစစ်ပွဲ မတိုင်ခင် ဇွန်လ  ၆ ရက်မှာ စင်ကာပူလက်ရွေးစင်အသင်းနဲ့ စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ် ထားပြီး အဲဒီကနေတစ်ဆင့် မကာအိုနိုင်ငံသို့ သွားရောက်ကာ  စတင်စခန်းသွင်း လေ့ကျင့်မှာ ဖြစ်ပါတယ်။

အိန္ဒိယအသင်းနဲ့ ခြေစစ်ပွဲမတိုင်ခင် နောက်ဆုံးထုတ်ပြန်ထားတဲ့ ပဏာမလက်ရွေးစင်ကစားသမားစာရင်းမှာ မြန်မာလိဂ်ကလပ်အသင်း ကိုးသင်းက ကစားသမား ၂၆ ဦးပါဝင်နေပြီး အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ သီဟစည်သူ ဒဏ်ရာရရှိနေလို့ စင်ကာပူ၊ မကာအိုအသင်းနဲ့ ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD