AD
AD
AD
play

 

အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းက လာမယ့် ဇွန်လထဲမှာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး စင်ကာပူလက်ရွေးစင်အသင်း၊ ဂျပန်လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့  စင်ကာပူလိဂ်လက်ရှိချန်ပီယံ အလ်ဘီရက်စ် နီဂါတာ အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင် အသင်းနဲ့ ဇွန်လ (၆) ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်မှာ ဂျလန်ဘဆာကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကာ  ဒီပွဲကို စင်ကာပူနည်းပြချုပ်ရဲ့ မေတ္တာရပ်ခံချက်အရ ကွင်းပိတ်ခြေစမ်းပွဲအဖြစ်ပဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဒုတိယခြေစမ်းပွဲဖြစ်တဲ့  အလ်ဘီရက်စ် နီဂါတာအသင်းနဲ့ပွဲကိုတော့ ဇွန်လ(၉)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆)နာရီမှာ Jurong East Stadium မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒီခြေစမ်းပွဲစဉ်ကိုတော့ စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်တွေ ကွင်းဝင်ကြေးပေးစရာမလိုပဲ အခမဲ့လာရောက်ကြည့်ရှုခွင့်ရမယ်လို့ သိရပါတယ်။

play

 

မြန်မာအသင်းနဲ့ကစားမယ့် အလ်ဘီရက်စ် နီဂါတာအသင်းက ပြီးခဲ့တဲ့နှစ်မှာ စင်ကာပူလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့အပြင် League Cup၊ Singapore Cup တို့ကိုပါ အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် ဒီနှစ် စင်ကာပူလိဂ် ပွဲစဉ် ၁၀ အပြီးမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ စင်ကာပူ ယူ၂၂ ကစားသမားတွေနဲ့ ဖွဲ့ စည်းထားတဲ့ Young Lions အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့  အနိုင်ရရှိထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံတွင် ခြေစမ်းပွဲ(၂)ပွဲ ယှဉ်ပြိုင်ပြီး မကာအိုနိုင်ငံကို တိုက်ရိုက်ထွက်ခွာမှာဖြစ်ကာ  မကာအိုလက်ရွေးစင်အသင်းနဲ့  ဇွန်လ ၁၃ ရက်နေ့မှာ အာရှဖလားခြေစစ်ပွဲစဉ်ကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD