play

 

လာမယ့် ဇွန်လထဲမှာ စင်ကာပူနိုင်ငံနဲ့ မကာအိုနိုင်ငံတို့မှာ ခြေစမ်းပွဲနှစ်ပွဲနဲ့ အာာရှဖလား ခြေစစ်ပွဲတစ်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမား စာရင်းကို နည်းပြချုပ် ဂတ်ဆီဇီနဲံ နည်းစနစ်ဌာနက မေလ ၂၉ နေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက ဇွန်လ ၄ ရက်နေ့မှာ စင်ကာပူနိုင်ငံကို စတင်ထွက်ခွာမှာဖြစ်ကာ ဇွန်လ ၆ ရက်နေ့မှာ စင်ကာပူလက်ရွေးစင် အသင်းနဲ့ ကွင်းပိတ်ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။  ဇွန်လ ၉ ရက်နေ့မှာတော့ စင်ကာပူလိဂ်ချန်ပီယံ အလ်ဘီရက်စ်နီဂါတာ အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ ထပ်ကစားမှာဖြစ်ပြီး ဒီပွဲကိုတော့ စင်ကာပူရောက် မြန်မာပရိသတ်တွေ အခမဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

play

 

စင်ကာပူတွင် ခြေစမ်းပွဲနှစ်ပွဲ ကစားပြီးရင် မြန်မာ့လက်ရွေးစင်အသင်းက မကာအိုနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး မကာအိုလက်ရွေးစင် အသင်းနဲ့ ဇွန်လ ၁၃ ရက်နေ့မှာ အာရှဖလား ခြေစစ်ပွဲ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင် ကစားမှာပါ။

မကာအို အသင်းနှင့် မြန်မာအသင်းတို့ အာရှဖလား ပွဲစဉ်ကို MRTV & For Sports Channel ရုပ်သံလိုင်းတွေကနေ ပြသပေးနိုင်ဖို့  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ပြည်တွင်းရုပ်သံလိုင်းတွေနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video