Local Sports: ပြိုင်ပွဲတိုင်းကို အနိုင်ရလဒ်အတွက်ပဲ ကစားမယ့် မြန်မာ ယူ-၁၈ အသင်း

အကြိုပြင်ဆင်မှုအနေနဲ့ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် (၂)ဘောလုံးရာသီမှာ Phoenix အသင်းအမည်နဲ့ ၀င်ရောက် ယှဉ်ပြိုင်ကစားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းနည်းပြချုပ် မစ္စတာ ဘန်လာဘီက မိမိတို့အသင်းအနေနဲ့ ပြိုင်ပွဲတိုင်းကို အ နိုင်ရလဒ်အတွက်သာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ(၁၁)ရက်နဲ့ (၁၃)ရက်နေ့တွေမှာ ကျင်းပပြုလုပ်မယ့် အင်တာမီလန်အသင်းနဲ့ ခြေစမ်းပွဲအတွက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

play

 

“ဥရောပကလပ်နဲ့ ကျွန်တော်တို့ ဘောလုံးအဆင့်အတန်းအရမ်းကို ကွာခြားလွန်းပါတယ်။ဒါပေမယ့် အခုလိုနည်း စနစ်ပိုင်းအဓိကထား ကစားတဲ့ အင်တာမီလန်လိုအသင်းမျိုးနဲ့ ခြေစမ်းခွင့်ရတာကိုက ကျွန်တော်တို့အတွက် မဟာ အခွင့်အရေးပါပဲ။ဒီပြိုင်ပွဲကနေပြီး ရလာ မယ့် အတွေ့အကြုံကောင်းတွေနဲ့ လာမယ့် အာဆီယံ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ကြိုးပမ်းသွားမှာ။မြန်မာယူ-၁၈ အသင်းအနေနဲ့ကတော့ ဘယ်ပြိုင်ပွဲကိုမဆို အနိုင်ရလဒ်အတွက်ပဲ က စားသွားမှာ ဖြစ်ပြီး မနက်ဖြန်ပွဲကိုလည်း အကောင်းဆုံး ယှဉ်ပြိုင် ကစားသွားမှာ ပါ။ကျွန်တော်တို့ဘာလုပ်ပြနိုင်မ လဲဆိုတာ မြင်တွေ့ရမှာပါ။” လို့ မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် မစ္စတာ ဘန်လာဘီက ပြောကြား ခဲ့ပါတယ်။

မြန်မာ ယူ-၁၈ အသင်းမှာ လာမယ့် စက်တင်ဘာလမှ အိမ်ရှင် အဖြစ် ကျင်းပပြုလုပ်မယ့် အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအနေနဲ့ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် (၂)ဘောလုံးရာသီမှာ Phoenix အသင်းအမည်နဲ့ ၀င်ရောက် ယှဉ်ပြိုင် ကစားခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

play

 

မြန်မာ ယူ-၁၈ အသင်းနဲ့ အင်တာမီလန် ယူ--၁၈ အသင်းတို့ဟာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ညနေ(၆)နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းအတွင်း ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာစြဖ်ပြီး မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ သိရပါတယ်။

Photos-MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ