Local Sports: အင်တာ ယူ-၁၈ အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ခြေစွမ်းကွာဟခြင်း မရှိခဲ့

မြန်မာယူ-၁၈ အသင်းနဲ့ အင်တာမီလန် ယူ-၁၈ အသင်းတို့ရဲ့ ဒုတိယ ခြေစမ်းပွဲကိုတော့ လာမယ့် သြဂုတ်လ (၁၃)ရက်နေ့ ညနေ (၆)နာရီ အချိန်မှာ သုဝဏ္ဏကွင်းအတွင်း ထပ်မံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ ယူ-၁၈ နဲ့ အင်တာမီလန် ယူ-၁၈ အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် အင်တာမီလန်အသင်းက မြန်မာအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းမှာ ယနေ့ ပွဲစဉ်တွင် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့သလို အင်တာမီလန်အ သင်းအနေနဲ့လည်း အဓိက ကစားသမားအမျာစုနဲ့ မြန်မာအသင်းကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

play

 

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ တော့ အင်တာမီလန်အသင်းက အဖွင့်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ကျောနံပါတ် ၈ သောမတ်စ် ရှာဟီိရိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး အင်တာမီလန်အသင်းကသာ ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဆက် တိုက်ဆိုသလိုပဲ ကျောနံပါတ် ၁၁ အန်ဒရီယာ အဒိုရန်တီက ဒုတိဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ ပြန်ပါ တယ်။

play

 

မြန်မာအသင်းအနေနဲ့ ဦးဆောင်ဂိုးနှစ်ဂိုး ပေးခံခဲ့ရပြီးနောက် ပြန်လည် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ် နိုင်ခဲ့ပေမယ့်လည်း အင်တာ မီလန် အသင်းနောက်တန်းနဲ့ ဂိုးသမားတို့ အကောင်းဆုံး ကာကွယ်ထားနိုင်တာ ကြောင့် ချေပဂိုးနဲ့ ဝေးကွာနေခဲ့ရပါတယ်။

ပထမပိုင်းပြီးဆုံးဖို့ မိနစ်အနည်းငယ်မျှသာ ကျန်ရှိနေချိန်မှာတော့ အင်တာမီလန်အသင်းက တတိယဦးဆောင်ဂိုး ထပ်မံသွင်းယူ နိုင်ခဲ့ပြန် ပါတယ်။ အဆိုပါ ဂိုးကိုတော့ ဒုတိယဂိုးသွင်းယူပေးခဲ့တဲ့ အန်ဒရီယာအဒိုရန်တီကပင် ထပ် မံသွင်းယူပေးခဲ့တာ ဖြစ်ပြီး ပထမပိုင်းအပြီးမှာတော့ အင်တာမီလန်ယူ-၁၈ အသင်းက မြန်မာယူ-၁၈ အသင်းကို ၃-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး လူစားလဲမှုတွေပြုလုပ်ခဲ့တာကြောင့်ပွဲမှာ ပိုမိုမြန်ဆန်လာခဲ့ပြီး နောက်ထပ် သွင်းဂိုးကိုလည်း အင်တာမီလန်အသင်းကသာ ရရှိခဲ့ပြီး ပွဲကစားချိန် ၅၃ မိနစ်မှာ အီလီယာ ဗစ်ကွန်တီက သွင်း ယူပေးခဲ့တာဖြစ်ပါတယ်။

play

 

မြန်မာ အသင်းအနေနဲ့ ချေပဂိုးများ ရရှိဖို့ ကစားအားတင်ပြီး ပြန်လည်ထိုးဖောက်တိုက်စစ်ဆင်လာခဲ့ရာ ပွဲချိန် ၆၂မိနစ်မှတော့ ပင်နယ် တီပြစ် ဒဏ်ဘောကတဆင့် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။အဆိုပါ ဂိုးကိုတော့ ကျောနံပါတ် (၉) ပြည့်စုံနိုင်က သွင်းယူပေးနိုင်ခဲ့ပါတယ်။

ချေပဂိုးတစ်ဂိုးရပြီးနောက် မြန်မာအသင်းကသာ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ လူစား ၀င်လာတဲ့ ကျောနံပါတ် (၈) မြတ်ကောင်းခန့်က လှလှပပ အဝေးကန်ချက်နဲ့ ဒုတိယ ချေပဂိုးကို သွင်းယူပေးနိုင် ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ မြန်မာအသင်းရော အင်တာမီလန်အသင်းပါ လူစားလဲမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီး ဂိုး များဆက်လက် သွင်းယူ နိုင်ခြင်းမရှိတော့တာကြောင့် ပွဲအပြီးမှာတော့ အင်တာမီလန် ယူ-၁၈ အသင်းက မြန်မာ ယူ-၁၈ အသင်းကို ၄-၂ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။

မြန်မာယူ-၁၈ အသင်းနဲ့ အင်တာမီလန် ယူ-၁၈ အသင်းတို့ရဲ့ ဒုတိယ ခြေစမ်းပွဲကိုတော့ လာမယ့် သြဂုတ်လ (၁၃)ရက်နေ့ ညနေ (၆)နာရီ အချိန်မှာ သုဝဏ္ဏကွင်းအတွင်း ထပ်မံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ