Local Sports: ပထမပွဲထက်ပိုတဲ့ ခြေစွမ်းနဲ့ အင်တာမီလန်ကို မြန်မာအသင်း သရေကစား

ွဲကစားစေခဲ့ရာ ပွဲကစားချိန် ၁၇ မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့ပြီး အဆိုပါ ဂိုးကိုတော့ ကျောနံ ပါတ်(၁၀) ၀င်းနိုင်ထွန်းက လွတ်လွတ်ကျွတ်ကျွတ် ဆွဲယူသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ-၁၈ အသင်းနဲ့ အင်တာမီလန် ယူ-၁၈ အသင်းတို့ရဲ့ ဒုတိယမြောက်ခြေစမ်းပွဲကို ယနေ့ ညနေ (၆)နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်း အတွင်း ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

မြန်မာ ယူ-၁၈ အသင်းသည် ပထမပွဲစဉ်က ကစားသမားများကို အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ တိုက်စစ်တွင် ၀င်းနိုင်ထွန်းနဲ့၊ပြည့်စုံနိုင်တို့ကို တွဲကစားစေခဲ့ရာ ပွဲကစားချိန် ၁၇ မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့ပြီး အဆိုပါ ဂိုးကိုတော့ ကျောနံ ပါတ်(၁၀) ၀င်းနိုင်ထွန်းက လွတ်လွတ်ကျွတ် ကျွတ် ဆွဲယူသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် အင်တာမီလန်အသင်းအနည်းငယ် ကစားပုံ ပျက်ယွင်းသွားခဲ့ပြီး မြန်မာအသင်းက ပိုမို ဖိအားပေး ကစား နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၄၁)မိနစ်အရောက်မှာတော့ အင်တာမီလန်အသင်းရဲ့ အမှတ်မထင် အမြင့်ကန်ချက် ဂိုးဝင်သွားခဲ့လို့ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ပါတယ်။

play

 

ထို့နောက် အင်တာမီလန်အသင်းက တရစပ် ဖိအားပေး တိုက်စစ်ဆင်မှုများ ဆက်လက် ပြုလုပ်လာနိုင်ခဲ့ပြီး (၄၅)မိနစ်အရောက်မှာတော့ ဒုတိ ယ ဦးဆောင်ဂိုး ရရှိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ အင်တာမီလန်အသင်းက (၂-၁)ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ မြန်မာအသင်းက ကစားအားတင်လာခဲ့ပြီး ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးစားလာခဲ့ရာမှာတော့ ပွဲကစား ချိန် ၆၂ မိနစ်မှာတော့ ၀င်းနိုင်ထွန်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကို ဟန့်တားခဲ့ရာမှာ အနည်း ငယ် ကြမ်းတမ်းခဲ့တာကြောင့် မြန်မာအသင်း ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘောကိုတော့ ပထမပွဲစဉ်က ကန်သွင်းခဲ့တဲ့ ပြည့်စုံနိုင်ကပဲ အမှား အယွင်း မရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် မြန်မာအသင်း ချေပဂိုး ပြန်လည် ရရှိခဲ့ပြီး (၂-၂)ဂိုး သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။

play

 

ချေပဂိုး ပြန်လည်ပေးခဲ့ရပြီးနောက် အင်တာမီလန်အသင်းက အဓိက တိုက်စစ်မှူးဒါဗီဒီ မီရိုလာနဲ့အတူ အပြောင်းအလဲ များစွာပြုလုပ်ခဲ့သလို မြန်မာအသင်းကလည်း လူစားလဲမှုများ ပြုလုပ်ခဲ့ပါတယ်။လက်ကျန် ပွဲစဉ်တွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ သရေ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ