Local Sports: ၃ လကျော်ကြာရပ်နားထားတဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေ ပြန်လည် ကျင်းပမည်

သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်းတို့ကိုတော့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ကျင်းပနေတာကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲတွေကို ကစားစေမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းရဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ဆီးဂိမ်ပွဲတွေကြောင့် ၃ လကျော်ကြာ ရပ်နားထားခဲ့ရတဲ့ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို ယခုတစ်ပတ်မှာ ပြန်လည် စတင်ကျင်းပတော့မယ်လို့ သိရပါတယ်။

play

 

MNL MAX CEMENT 2017 ပြိုင်ပွဲတွေကို လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ပြန်လည်စတင်ကစားမှာ ဖြစ်ပြီး ရန်ကုန်၊ပုသိမ်၊ပဲခူး၊နေပြည်တော်တို့မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

 

သုဝဏ္ဏကွင်းနဲ့ အောင်ဆန်းကွင်းတို့ကိုတော့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ ကျင်းပနေတာကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲတွေကို ကစားစေမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ယခု တစ်ပတ်မှာတော့ အိမ်ကွင်းသစ်ပွဲစဉ်တစ်ပွဲပါဝင်လာခဲ့ပြီး ဟံသာဝတီ ယူနိုက်တက်အသင်းက ပဲခူးမြို့ Grand Royal Stadiumကြီးမှာ အိမ်ကွင်းအဖြစ် စတင်ကစစားမှာလည်း ဖြစ်ပါတယ်။

လက်ကျန်ပွဲစဉ် အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းကြီးအတွက်တွက် ချန်ပီယံပြိုင်ပွဲကလည်း စိတ်ဝင်စား စရာ ကောင်းနေသလို တန်းဆင်းဇုန်တိုက်ပွဲကလည်းရင်ခုန်စရာ ကောင်းနေပါတယ်။

အဆိုပါ ပွဲစဉ်တွေကိုတော့ For Sports နဲ့ မြန်မာ့ရုပ်မြင်သံကြားတို့မှ ၃ ပွဲ တိုက်ရိုက်ပြသသွားမှာ ဖြစ်ပြီး မြန်မာ နေရှင် နယ်လိဂ် Facebook Page ကနေ နှစ်ပွဲ Live Stream ပြသပေးသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ