Local Sports: လုံခြုံရေးအခြေအနေကြောင့် ရခိုင်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းပွဲစဉ် တွေကို ရန်ကုန်မှာ ကစားမည်

အောင်ဆန်းကွင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းပိုင် YUSC ကွင်းတို့မှာ ပြန်လည်ပြောင်းလဲ ကျင်းပသွားမယ် လို့လည်း သိရပါတယ်။

မကြာမီ ပြန်လည်ကျင်းပပြုလုပ်တော့မယ့် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ လက်ကျန်ပွဲစဉ်တွေအနက် ရခိုင် ယူနိုက်တက်အသင်းရဲ့ လက်ကျန်အိမ်ကွင်းပွဲစဉ်တွေကို စစ်တွေမြို့ ဝေသာလီကွင်းမှာ ဆက်လက် ကျင်းပတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

play
စစ်တွေမြို့ ဝေသာလီကွင်းမှာ မြန်မာနေရှင်နယ်လိဂ်ပွဲ ကျင်းပခဲ့စဉ်

 

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ရခိုင်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း ပွဲစဉ်တွေကို စစ်တွေမြို့မှာ ဆက်လက်ကစားခွင့်မပြုတော့တာလည်းဖြစ်ပါတယ်။

အဆိုပါ အိမ်ကွင်းပွဲစဉ်တွေကို ရန်ကုန်မြို့ အောင်ဆန်းကွင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းပိုင် YUSC ကွင်းတို့မှာ ပြန်လည်ပြောင်းလဲကျင်းပသွားမယ်လို့လည်းသိရပါတယ်။

 

"အဓိကကတော့ လုံခြုံရေးအခြေအနေကြောင့်ပါ။ရခိုင်အသင်းဖက်ကလည်း ဒါကို တောင်းဆိုတဲ့အတွက်အခုလို စီစဉ်ပေးလိုက်ရတာပါ။လာမယ့်နှစ်မှာတော့ အခြေအနေပေါ်မူတည်ပြီး ပြန်လည်ကျင်းပနိုင်ဖို့ ရှိမရှိ ဆုံးဖြတ်သွားမှာပါ။" လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိင်ပွဲနဲ့ တိုက်ဆိုင် နေတာကြောင့်လည်း စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီမှာ သုဝဏ္ဏကွင်းတွင် ကျင်းပဖို့ ရေးဆွဲထားတဲ့ မကွေး-ဆောက်သမ်း ပွဲစဉ်ကို အဆိုပါရက်မှာပင် ရန်ကုန်ယူနိုက်တက်အသင်းအိမ်ကွင်းမှာ ပြောင်းလဲကျင်းပစေမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက်နေ့မှာ သုဝဏ္ဏကွင်းမှာ ကစားမယ့် မကွေးချင်းပွဲစဉ်ကိုလည်း စက်တင်ဘာ ၁၆ ရက်နေ့ကို ပြောင်းလဲခဲ့သလို စက်တင်ဘာလ ၂၄ မှာကစားမယ့် ဧရာဝတီ-ဆောက်သမ်းမြန်မာ ပွဲစဉ် ကိုလည်း စက်တင်ဘာလ ၂၅ သို့ ပြောင်းလဲကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေကို လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ၃လကျော်ကြာ ရပ်နားထားခဲ့ ရပြီး လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ပြန်လည်စတင်ကစားမှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ