Local Sports: ပြည်ပထွက်ကစားဖို့ ရည်ရွယ်နေတဲ့ ဆန်းဆက်နိုင်

မြန်မာ့ဘောလုံးချစ်ပရိသတ်ရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနဲ့ အတူ ၂၉ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ လက်စွမ်းပြ ကစားနိုင်ခဲ့တဲ့ ဂိုးသမား ဆန်းဆက်နိုင်အနေနဲ့ တစ်ချိန်မှာ ပြည်ပကို ထွက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောကြားမှုတစ်ရပ် ပြုလုပ်ခဲ့ပါ တယ်။

play

 

ဂိုးသမားဆန်းဆက်နိုင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ လက်စွမ်းပြ ကစားနိုင်ခဲ့တာကြောင့် မြန်မာ့ဘောလုံး ချစ်ပရိသတ်ရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"ကျွန်တော် နိုင်ငံအတွက် အကောင်းဆုံး လက်စွမ်းတွေနဲ့ ဆက်လက် ပေးဆပ်ချင်ပါသေးတယ်။အဲ့ဒီအတွက်လည်း အကောင်းဆုံး ကြိုးစားနေပါတယ်။တစ်ချိန်မှာ ပြည်ပ ကလပ်အသင်းတစ်သင်းသင်းကို ထွက်ကစားချင်စိတ်လည်း ရှိပါ တယ်။" လို့ ဆန်းဆက်နိုင်က ထုတ်ဖော်ပြောခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ မြန်မာ့လက်ရွေးစင် ဂိုးသမား ဆန်းဆက်နိုင်အနေနဲ့ ရန်ကုန်ယူနိုက်တက်ကလပ်အသင်းနဲ့အတူ (၃)နှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် ၂၀၁၉ ခုနှစ်အထိ ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ ဆက်လက် ရှိနေမှာ ဖြစ် တယ် လို့လည်း သိရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ