Local Sports: ရွှေတံဆိပ်ရမှ ကစားသမားဘ၀က အနားယူမယ့် စန္ဒီဦး

ယခုနှစ် မလေးရှား ဆီးဂိမ်းပြိုင်ပွဲမှာ စန္ဒီဦးအနေနဲ့ ရွှေတံဆိပ် မျှော်မှန်းထားခဲ့ပေမယ့်လည်း ငွေတံဆိပ် တစ်ခုနဲ့ ကြေးတံဆိပ် တစ်ခုသာ ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ၀ူရှုးအားကစားမယ် စန္ဒီဦးက ကစားသမားဘ၀က အနားယူဖို့ အတွက် နောက်ဆုံးအနေနဲ့ နိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးသွားမယ်လို့ သိရပါတယ်။

play

 

မူလက ၂၉ ကြိမ်မြောက် ဆီးဂိမ်းအပြီးမှာ ကစားသမားဘ၀က အနားယူမယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်း ရွှေတံဆိပ် မရရှိခဲ့တာကြောင့် အနားမယူသေးဘူးလို့ သိရပါတယ်။

play

 

"အရင်တုန်းကတော့ ဒီနှစ်ဆီးဂိမ်းပြီးရင် အနားယူဖို့ ဆုံးဖြတ်ထားတာပါ။ဒါပေမယ့် ဆီးဂိမ်းမှာ ရွှေမရခဲ့တော့ နိုင်ငံအတွက် ရွှေဆုမယူနိုင်ပဲ အနားမယူချင်တာကြောင့်အခုလို ဆက်ကစားဖို့ ပြန်လည်စဉ်းစားဆုံးဖြတ်ခဲ့တာပါ။လာမယ့် ဆီးဂိမ်းမှာ ရွှေရရင်တော့ သေချာပေါက် အနားယူဖြစ်ဖို့ များပါတယ်။" လို့ စန္ဒီဦးက ပြောခဲ့ပါတယ်။

 

ယခုနှစ် မလေးရှား ဆီးဂိမ်းပြိုင်ပွဲမှာ စန္ဒီဦးအနေနဲ့ ရွှေတံဆိပ် မျှော်မှန်းထားခဲ့ပေမယ့်လည်း ငွေတံဆိပ် တစ်ခုနဲ့ ကြေးတံဆိပ် တစ်ခုသာ ရရှိခဲ့ပါတယ်။

စန္ဒီဦးမှာ ၂၀၀၄ ခုနှစ်မှာ လူငယ်လက်ရွေးစင်အဖြစ် ကစားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နိုင်ငံလက်ရွေးစင်အဖြစ် စတင် အရွေးချယ်ခံခဲ့ရကာ ကစားသမား သက်တမ်းတစ်လျှောက် စုစုပေါင်း ရွှေတံဆိပ် (၉)ခု၊ငွေတံဆိပ်(၁၁)ခုနဲ့ ကြေးတံဆိပ် (၆) ဆု ဆွတ်ခူးပေးထားနိုင်ပါတယ်။

Postby

 

Source - 7 Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ