Local Sports: ရခိုင်အရေး အကြောင်းပြပြီး နှုတ်ထွက်ခဲ့တဲ့ အီရန်လူမျိုး ဖူဆယ်နည်းပြကို အရေးယူမည်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းရဲ့ နည်းပြ အီရန်နိုင်ငံသား ရီဇာ ကော်ဒီအနေနဲ့ နည်းပြရာထူးမှ နှုတ်ထွက်ခဲ့တယ်လို့ သိရပါ တယ်။

play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

"ခွင့်နဲ့ နေရပ်ကို ပြန်သွားတဲ့အချိန်မှာ နှုတ်ထွက်တယ်လို့ စာပို့အကြောင်းကြားခဲ့တာဖြစ်ပါတယ်။သူရဲ့ ရေးသားမှုထဲမှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စကို ငြိမ်းချမ်းလိုတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ဒါ့အပြင် ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် နှုတ်ထွက်ခဲ့တာ ဖြစ်တယ် လို့လည်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အဆင့်မြင့်အရာရှိ တစ်ဦးက၎င်းရဲ့ အကြောင်းကြား စာမှာ ရေးသားထားတာတွေကို Duwun Sports ပြောခဲ့ပါတယ်။

အီရန်လူမျိုးနည်းပြ ရီဇာကော်ဒီအနေနဲ့ နှုတ်ထွက်သွားချိန်မှာ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် စာချုပ်ပါ အချက်အလက်များ အရ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာ အာရှဘောလုံးအဖွဲ့ချုပ် ကို တင်ပြပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

"သူ့ဖက်က ဘယ်လိုမျိုးအကြောင်းပြပြီး နှုတ်ထွက်သွားပေမယ့်လည်း ကျွန်တော်တို့ဖက်ကတော့ စာချပ်ပါ အချက်အလက်အရ အာရှဘောလုံး အဖွဲ့ချုပ်ကို တိုင်ကြားသွားမှာပါ။အဓိကကတော့ ဘယ်လိုမျိုးအကြမ်းဖက်မှုတွေ ရှိနေပါစေ သူ့အနေနဲ့ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကာလပတ်လုံး လုံခြုံရေးအပြည့်အ၀ ပေးထားသလို ဘာအနှောက်အယှက်မှလည်း မဖြစ်ပေါ်ခဲ့ပါဘူး။ဖြစ်ပွားတဲ့ နေရာကလည်း တစ်ခြားစီ ဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ စာချပ်သက်တမ်းမကုန်ဆုံးမီ တစ်ဖက်သတ် နှုတ်ထွက်ခဲ့တယ်လို့ပဲ ယူဆပြီး သက်ဆိုင်ရာကို တင်ပြ အရေးယူသွားမှာပါ" လို့ အဆိုပါ အဆင့်မြင့်အရာရှိက ဆက်လက်ပြောပါတယ်။

မြန်မာ အမျိုးသား ဖူဆယ်အသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ