Local Sports: ခြေစွမ်းအသာစီးနဲ့ ကစားပြီး ဘရူနိုင်းကို ဂိုးပြတ်အနိုင်ယူ

ပွဲအပြီးမှာတော့ မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆီယံယူ-၁၈ ပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ဘရူနိုင်းအသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

play

 

မြန်မာအသင်းဟာ ယနေ့ ပွဲစဉ်မှာတော့ ပထမနေ့က ကစားသမားစာရင်းကို တစ်ယောက်သာ အပြောင်းအလဲပြုလုပ်ကာ ဘရူနိုင်းအသင်းကို ယှဉ်ပြိုင်ကစားခဲ့တာလည်း တွေ့ရပါတယ်။

play

 

ယနေ့ ပွဲမှာ အနိုင်ရဖို့ လိုအပ်နေတဲ့ မြန်မာအသင်းအနေနဲ့ ဘရူနိုင်းအသင်းဖက်ကို ပွဲစကတည်းက တိုက်စစ်ဆင် ထိုးဖောက် ကစားလာခဲ့ပြီး ပွဲချိန် ၉ မိနစ်အရောက်မှာတော့ မြန်မာအသင်းအတွက် ပထမ ဦးဆောင်ဂိုးကို ကျောနံပါတ်၂၃ အံ့မော်ဦးက အမှတ်မထင် အဝေးကန်ချက် ကနေ ရယူပေးနိုင်ခဲ့ပါတယ်။

play

 

ဦးဆောင်ဂိုးရပြီးနောက် မြန်မာအသင်း ဆက်လက် ဖိအားပေးတိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၁၈ မိနစ်မှာတော့ ကျောနံပါတ် ၈ မြတ်ကောင်းခန့် လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့်လည်း ဂိုးဘေးကပ်ထွက်သွားခဲ့လို့ မြန်မာအသင်း ဒုတိယဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

play

 

ဆက်တိုက်ဆိုသလို ပွဲကစားချိန် မိနစ် ၂၀ မှာ မြန်မာအသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ဘောကိုတော့ တိုက်စစ်မှူး ၀င်းနိုင်ထွန်း ကန်သွင်းယူရာမှာတော့ ဘရူနိုင်း ဂိုးသမား ဖမ်းမိခဲ့ပါတယ်။

 

ပွဲချိန် ၂၃ မိနစ်မှာတော့ ၀င်းနိုင်ထွန်း နဲ့ လွင်မိုးအောင်တို့ရဲ့ တွဲလုံးကတဆင့် လွင်မိုးအောင်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်မှ အလိုက်သင့် တက်လာတဲ့ ကျောနံပါတ် ၁၂ နိုင်ကိုကိုက အသာအယာ ခေါင်းတိုက် ပိတ်သွင်းရယူခဲ့ပါတယ်။

ပထမပိုင်း ပွဲပြီးဆုံးလို့ အချိန်ပို ၃ မိနစ်အရောက်မှာတော့ ကျောနံပါတ် ၁၀ ၀င်းနိုင်ထွန်းက တတိယဦးဆောင်ဂိုးကို သွင်းယူပေခဲ့ပြီး ပထမပိုင်း အပြီးမှာတော့ မြန်မာအသင်းက ၃-၀ ဂိုးနဲ့ ဘရူနိုင်းအသင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ မြန်မာအသင်းအနေနဲ့ ဘရူနိုင်းအသင်းဖက်ကို ပုံမှန်ဖိအားပေးတိုက်စစ်ဆင်မှုမျိုးနဲ့ပဲ ကစားခဲ့ ပေမယ့်လည်း ပွဲကစားချိန် ၆၀နဲ့ ၆၂ မိနစ်တွေမှာတော့ တိုက်စစ်မှူး ၀င်းနိုင်ထွန်းက ဆက်တိုက် သွင်းယူ

ပေးခဲ့တာကြောင့် ၅-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဆက်လက်ပြီး ၆၄ မိနစ်မှာ နိုင်ကိုကိုက ၆ ဂိုးမြောက်ဂိုးကိုလည်းကောင်း ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။

ထပ်မံပြီး ၇၅ မိနစ်မှာတော့ မြန်မာကစားသမား နိုင်ကိုကိုကို ဘရူနိုင်းကစားသမား တွန်းတိုက်ခဲ့တာကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ၀င်းနိုင်ထွန်းက အမှားအယွင်းမရှိ ကန်သွင်းရယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိတော့ပဲ ပွဲအပြီးမှာတော့ မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ