AD
AD
AD
play

 

ယနေ့ညနေ ၆ နာရီမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်းစတင်ပြီး ၁ မိနစ်မှာပဲ ဗီယက်နမ်အသင်းအတွက် ငုယင်ဟောင်ဆန်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်း ကစားပုံ အချိတ်အဆက်မမိခဲ့ဘဲ ဗီယက်နမ်အသင်းက တောက်လျှောက်ဖိအားပေး တိုက်စစ်ဆင်ခဲ့ပါတယ်။ မြန်မာအသင်းရဲ့ကွင်းလယ်ကစားကွက်ဟာ တည်ငြိမ်မှုမရှိခဲ့ဘဲ ဘောလုံးအပျက်များနေခဲ့ပါတယ်။ တိုက်စစ်ကို ပံ့ပိုးပေးရာမှာ တိကျတဲ့ပေးပို့မှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် ချေပဂိုး ပြန်လည်ရရှိဖို့ အခွင့်အရေး နည်းခဲ့တာဖြစ်ပါတယ်။

Postby

 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ မြန်မာအသင်းက တိုက်စစ်ကို မြှင့်တင်ကစားခဲ့ပြီး အချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဗီယက်နမ်အသင်းရဲ့နောက်တန်းနဲ့ ဂိုးသမားဟာ အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့သာ ချေပဂိုး မရရှိခဲ့တာဖြစ်ပါတယ်။ ၇၄ မိနစ်မှာ မြန်မာအသင်းက ဗီယက်နမ်အသင်းရဲ့ဘီးကုပ်စက်ဝိုင်းထိပ်မှာ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး မြတ်ကောင်းခန့်က လှလှပပကန်သွင်းယူပြီး မြန်မာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

မြန်မာအသင်းကပဲ ဆက်လက်ပြီး ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ဗီယက်နမ်နောက်တန်းကစားသမားတွေ အသည်းအသန်ကာကွယ်ဖျက်ထုတ်ခဲ့ရပါတယ်။ ၈၆ မိနစ်မှာ မြန်မာအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး ဂိုးသမားပုတ်ထုတ်ပုံ မသေသပ်လို့ ပြန်လျှံကျလာတဲ့ဘောလုံးကို ဝင်းနိုင်ထွန်းကန်သွင်းခဲ့ရာ အားပျော့ပြီး ဂိုးပေါက်နားမှာ အဆင်သင့်ရှိနေတဲ့ လွင်မိုးအောင်က အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် မြန်မာအသင်းက ဗီယက်နမ်အသင်းနဲ့ ပေးဂိုးတူ သွင်းဂိုးတူ ရမှတ်တူညီသွားပြီး Head to Head စနစ်အရ ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စုဒုတိယနဲ့ တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

 

Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD