Local Sports: လူငယ် ကမ္ဘာ့ဖလားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ၂၀၁၅ခုနှစ်က နယူးဇီလန်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်လှမ်း ယှဉ်ပြိုင်ခဲ့ထားဖူးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက်ရှိနေတဲ့ လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

play
၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မြန်မာနဲ့ အိမ်ရှင် နယူးဇီလန်အသင်းတို့ တွေ့ဆုံခဲ့စဉ်

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲများကို ၂ နှစ်လျှင်တစ်ကြိမ်နှုန်းနဲ့ ကျင်းပပြုလုပ်ပေးလျက်ရှိနေရာ ယခုနှစ်မှာတော့ ယူ ၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှာလည်းကောင်း၊ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တောင်ကိုရီးယား နိုင်ငံမှာလည်းကောင်း အသီးသီး ကျင်းပပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

play
၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မြန်မာနဲ့ အမေရိကန်အသင်းတို့ တွေ့ဆုံခဲ့စဉ်

 

"လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အာဆီယံက အင်ဒိုနီးရှားနဲ့ ထိုင်းတို့က အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပချင်တယ်လို့ ပြီးခဲ့တဲ့ အာရှဘောလုံးအဖွဲ့ချုပ် ကော်မတီမှာ တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ အဆိုပါ ပြိုင်ပွဲထက် လူငယ်ပြိုင်ပွဲတွေကိုသာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကြိုးပမ်းတာ ပိုမိုသင့်လျော်မယ်လို့ ထပ်လောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒါ့အပြင် နောင်လာမယ့် လူငယ် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ရပ်ရပ်ကိုလည်း အိမ်ရှင်အဖြစ် အခြားသော အာဆီယံ နိုင်ငံအချို့နဲ့ ပူးပေါင်း လက်ခံကျင်းပချင်တယ်လို့လည်း အဆိုပြုတင်ပြထားတာ ဖြစ်ပါတယ်။" မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSports ကို ပြောကြားခဲ့ပါတယ်။

 

လူငယ် ပြိုင်ပွဲကို လက်ခံကျင်းပလိုပါက အဆိုပါ အိမ်ရှင်နိုင်ငံအနေနဲ့ အခြေခံ လိုအပ်ချက်အဖြစ် ပြိုင်ပွဲကျင်းပနိုင်မယ့် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်း ၆ ကွင်း ရှိရမှာဖြစ်သလို အခြားသော လိုအပ်ချက်တွေကိုလည်း ပြည့်စုံအောင် ထားရှိနိုင်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။

"ဘောလုံးကွင်းနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့မှာ နိုင်ငံတကာ အဆင့်မီကွင်း ၄ ကွင်း ဒေါင်ဒေါင်မြည်ရှိပါတယ်။အောင်ဆန်းကွင်းကိုလည်း အဆင့်မြင့်တင်မယ်ဆို နိုင်ငံတကာပွဲကစားလို့ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့က အခြား အာဆီယံနိုင်ငံတစ်နိုင်ငံ ဒါမှ မဟုတ် ၂ နိုင်ငံနဲ့ ပူးပေါင်း ကျင်းပမှာ ဖြစ်တဲ့အတွက် အနည်းဆုံး ၃ ကွင်းရှိရင် ရပြီ ဖြစ်တာကြောင့် လက်ခံကျင်းပဖို့ အဆင်ပြေပါတယ်။နောက်ပြီး လူငယ် ပွဲဖြစ်တာကြောင့် စီနီယာ ကမ္ဘာ့ဖလား ပြိုင်ပွဲလို ပရိသတ်ရှစ်သောင်းတစ်သိန်းဆံ့ ကွင်းတွေ မလိုတာကြောင့် လက်ရှိ ကျွန်တော်တို့မှာ ရှိနေတဲ့ ပရိသတ် ၃ သောင်းကျော်ဆံ့ နိုင်ငံတကာကွင်းတွေနဲ့ လက်ခံကျင်းပလို့ ရနိုင်တာလည်း ဖြစ်ပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဆက်လက်ပြောခဲ့ပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို အာရှတိုက်မှာ လက်ခံကျင်းပခဲ့တာကြောင့် လာမယ့် ၂၀၁၉ နဲ့ ၂၀၂၁ ပြိုင်ပွဲတွေကိုတော့ အာရှတိုက်အတွင်း လက်ခံကျင်းပအုံးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။၂၀၂၃ ၂၀၂၅ တို့မှာတော့ အာရှတိုက်အတွင်း တစ်ကျော့ပြန် ကျင်းပခွင့်ပြန်လည်ခွင့်ပြုတဲ့ အချိန်တွင်တော့ မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် အခြားသော အာဆီယံ နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံနဲ့ ပူးပေါင်း ကျင်းပနိုင်ရေး လျှောက်ထားမှာလည်းဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ၂၀၁၅ခုနှစ်က နယူးဇီလန်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်လှမ်း ယှဉ်ပြိုင်ခဲ့ထားဖူးပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ