AD
AD
AD

ယနေ့ညနေ ၃ နာရီက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ဆီမီးဖိုင် နယ်ပွဲစဉ်မှာ ထိုင်းအသင်းက ၈-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စု ဒုတိယနေရာနဲ့သာ တက်လှမ်းနိုင်ခဲ့တာကြောင့် တစ်ဖက်အုပ်စုမှ အုပ်စု ပထမ ရခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

ယမန်နှစ်၂၀၁၆ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ တွေ့ဆုံခဲ့တုန်းကလည်း ထိုင်းအသင်းက မြန်မာအသင်းကို ၈-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းကို နှစ်နှစ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့တာပေမယ့်လည်း လာမယ့် ၂၀၁၈ ခုနှစ် အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ကို တိုက်ရိုက်ဝင်ရောက်ခွင့်ကိုတော့ ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD