AD
AD
AD

မန်စီးတီးအသင်းတိုက်စစ်မှူး အဂူရိုမှာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ လက်ရှိမှာ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

play

 

အဂူရိုအနေနဲ့ နာပိုလီအသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့အတူ ပွဲပေါင်း ၂၆၄ပွဲကစားထားပြီး ၁၇၈ ဂိုး ပြည့်မြောက်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

 

အဂူရိုမှာ မန်စီးတီးအသင်းကို ၂၀၁၁ ခုနှစ်က ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိတွင် မန်စီးတီးအသင်းနဲ့အတူ ၆ နှစ်တာကာလအတွင်း ၁၇၈ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD