မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်ဂျာအနေနဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး အာဆီယံချန်ပီယံရှစ် တတိယဆုနဲ့ ၂၀၁၇ ဆီးဂိမ်း တတိယဆုတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

play

 

" မြန်မာအမျိုးသမီး အသင်းနည်းပြချုပ် ရာထူးအတွက် ကျွန်တော့်ကိုတာဝန်ပေးအပ်ခဲ့ကြတဲ့ MFF ဥက္ကဋ္ဌနဲ့တကွ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ မြန်မာအသင်းကို ကိုင်တွယ်စဉ် ကာလအတွင်းမှာ MFF နဲ့ အသင်းဖော်တွေ ဝန်ထမ်းတွေ အားလုံးနဲ့ အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ရခြင်းကိုလည်း ဂုဏ်ယူမဆုံးပါဘူး။ အထူးသဖြင့် မြန်မာအမျိုးသမီးအသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော်လုံးဝမေ့နိုင်မဟုတ်ပါဘူး။ သူတို့ ဘယ်လောက် အံ့သြစရာကောင်းလောက်အောင်အားပေးခဲ့ကြတယ်ဆိုတာ မန္တလာသီရိကွင်းအပြည့် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကြည့်တာနဲ့သိနိုင်ပါတယ်။ မြန်မာအသင်းအားလုံးအနာဂတ်မှာ အောင်မြင်မှုအသီးသီး ဆွတ်ခူးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ရော်ဂျာက နှုတ်ဆက်စကားဆိုခဲ့သည်။

 

လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နည်းပြချုပ်ကို အစားထိုးခန့်အပ်ရခြင်း မရှိသေးပေ။

Postby

 

Source/Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

Local Sports

Video