AD
AD
AD
play

 

ဒီနေ့ ( နိုဝင်ဘာလ ၃ ရက်) ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာကျင်းပခဲ့တဲ့ One Championship ( Hero's Dream ) ပြိုင်ပွဲကြီးရဲ့အဓိကပွဲစဉ်မှာ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားတဲ့ ကင်မရွန်းနွယ်ဖွား အလိန်းဂါလာနီကို ပထမအချီမှာပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။

play

 

ဒီနေ့ပွဲစဉ်မှာ ပြိုင်ဘက် အလိန်းဂါလာနီကို နှစ်ချီအတွင်းအလဲထိုးအနိုင်ယူမယ်လို့ ပြောထားခဲ့ပေမယ့် ပထမအချီမှာပဲ အလိန်းဂါလာနီကို သူ့ရဲ့အပိုင်ချုပ်ကွက်ဖြစ်တဲ့ လည်ပင်းညှစ်အလွတ်ချုပ်တဲ့အကွက်နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

play

 

အောင်လအန်ဆန်ရဲ့ပြိုင်ဘက် အလိန်းဂါလာနီက အားကြီးတဲ့ ကစားသမားဖြစ်တာကြောင့် အောင်လအန်ဆန်အပိုင်ချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ရပြီး သူ့ရဲ့အပိုင်ချုပ်ကွက်ထဲဝင်ဖို့ သုံးလေးကြိမ်ကြိုးစားခဲ့ရပြီး အစပိုင်းမှာတော့ ပြန်လွတ်ထွက်ခဲ့ကာ နောက်ဆုံးအကြိမ်မှာတော့ အလိန်းဂါလာနီကို ပိုင်ပိုင်နိုင်နိုင်ချုပ်မိပြီး အနိုင်ရရှိခဲ့တာပါ။

Postby

 

အောင်လအန်ဆန်က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာလည်း ပြိုင်ဘက် မိုဟာမက်အလီကို လည်ပင်းညှစ်အလွတ်ချုပ်တဲ့အကွက်နဲ့ အနိုင်ယူထားဘူးပါတယ်။

play

 

ဒါ့အပြင် ပြည်တွင်းတွဲဆိုင်းတွေအဖြစ်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေမှာ ပရိသတ်စိတ်ဝင်စားတဲ့ တွဲဆိုင်းဖြစ်တဲ့ ဖိုးသော်နဲ့ စောဘဦးတို့ ပွဲစဉ်ကတော့ မျှော်လင့်ထားသလောက် ကြည့်မကောင်းခဲ့ပါဘူး။ ပထမအချီအစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အားစမ်းနေခဲ့ပြီး အပိုင်ချုပ်နိုင်အောင်ကြိုးစားခဲ့ပေမယ့် ပိုင်ပိုင်နိုင်နိုင်မမိခဲ့လို့ အလဲမထိုးနိုင်ခဲ့ဘဲ သုံးချီပြည့်တဲ့အထိ ဘယ်သူ့ဘယ်သူမှ အလဲမထိုးနိုင်ခဲ့လို့ အမှတ်နဲ့ဆုံးဖြတ်ခဲ့ရာမှာ ဖိုးသော်က အနိုင်ရရှိရရှိသွားပါတယ်။

Photos : Mg Kyaw Hein

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD