AD
AD
AD

မနေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အလိန်းအန်ဂါလာနီနဲ့ပွဲမှာ အနိုင်ရရှိအောင်ထိုးသတ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ထံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

play
ဒေါ်အောင်ဆန်းစုကြည်ပေးပို့ခဲ့တဲ့ ဂုဏ်ပြုသ၀ဏ်လွှာ

 

အောင်လအန်ဆန်အနေနဲ့ မိမိထက် ၀ိတ်တန်းမြင့်မားတဲ့ အလိန်းအန်ဂါလာနီကို ပထမအချီမပြီးခင်မှာပင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သူဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ရပ်စိုက်ထူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ နိုင်ပွဲအတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က-" မင်းရဲ့ အံ့သြလောက်ဖွယ် နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်။" လို့ စာတိုတစ်စောင်ရေးသား ပေးပို့ ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

play
အလိန်းအန်ဂါလာနီနဲ့ မထိုးသတ်ခင် ဒေါ်အောင်ဆန်းစုကြည်ထံသွားရောက်တွေ့ဆုံခဲ့စဉ်။

 

ယင်းကဲ့သို့ ဂုဏ်ပြုစာရောက်ရှိခဲ့တာနဲ့ ပက်သက်ပြီး အောင်လအန်ဆန်က-"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အန်တီဒေါ်အောင်ဆန်းစုကြည်ထံက ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာရရှိလို့ အတိုင်းမသိ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ဒါပေမယ့်လည်းကျွန်တော်အနိုင်ရခဲ့တာကလည်း ပရိသတ်တွေရဲ့ အားပေးဆုတောင်းမှုတွေကြောင့်ပါပဲ။ကျွန်တော်ဆက်လက်ကြိုးစားသွားမယ်ဆိုတာလည်း ပရိသတ်အားလုံးကို ကတိပေးလိုက်ပါတယ်။" လို့ ၎င်းရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

အောင်လအန်ဆန်အနေနဲ့ မနေ့က အလိန်းအန်ဂါလာနီနဲ့ မထိုးသတ်ခင်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသွားရောက်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆုံးမ သြ၀ါဒစကားမိန့်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ လေ့ကျင့်ပြင်နေပြီလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD