AD
AD
AD

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ လက်ရွေးစင်အသင်းများရဲ့ ပြိုင်ပွဲများအတွက် ပဏာမ ကစားသမားစာရင်းများကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

play
မြန်မာ့လက်ရွေးစင် စီနီယာအသင်း လူစာရင်း။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုဝင်ဘာလ အတွင်းတွင် ခြေစမ်းပွဲတစ်ပွဲနဲ့ အာရှဖလားခြေစစ်ပွဲတစ်ပွဲတို့ကို ယှဉ်ပြိုင်ကစားဖို့ရှိသလို လာမယ့် ဒီဇင်ဘာလအတွင်းမှာလည်း M-150 ဖိတ်ခေါ် ယူ-၂၃ ပြိုင်ပွဲနဲ့ ဗီယက်နမ် သတင်းစာဖလား ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

play
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းလူစာရင်း။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၉နာရီ အချိန်တွင် အိန္ဒိယ နိုင်ငံ ဂိုအာမြို့ ၌ အိန္ဒိယလက်ရွေးစင်အသင်းနဲ့ အာရှဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play
မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းလူစာရင်း။

အဆိုပါပွဲစဉ်မတိုင်မီ နိုဝင်ဘာလ (၉) ရက်နေ့တွင်ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာလ (၇) ရက်နေ့ ညနေ (၆း၁၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။

 

အဆိုပါ လက်ရွေးစင်အသင်းကိုတော့ နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုးနည်းပြကြီး ဂတ်ဖရိုင်းဒရစ်က တာဝန်ယူကိုင်တွယ်လျက်ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် M-150 ဖိတ်ခေါ်ယူ-၂၃ ပြိုင်ပွဲကိုလည်း မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အဆိုပါအသင်းအတွက်လူစာရင်းတွင်တော့ ဒဏ်ရာ ကြောင့် လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေခဲ့တဲ့ ကျော်မင်းဦး၊ငြိမ်းချမ်းအောင်တို့ ပြန်လည်ပါဝင်လာခဲ့ပြီး နည်းပြချုပ်အဖြစ် လက်ရွေးစင်အသင်းနည်းပြ ဂတ်ဆီဇီကသာ ပူးတွဲတာဝန်ယူမှာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ဖိတ်ခေါ်ဖလား ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းကိုတော့ နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူကိုင်တွယ်မှာ ဖြစ်ပြီး မျက်နှာသစ်ကစားသမားအများစုကို ရွေးချယ်ထားတာလည်း တွေ့မြင်ရပါတယ်။ အဆိုပါအသင်းမှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ၃၀ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားတယ်လို့လည်းသိရပါတယ်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD