ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ အသက် (၁၃)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၃)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲမှ ကစားသမား ၃၄ ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စိစစ်ရွေးချယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက စနစ်တကျ လေ့လာသုံးသပ်ရွေးချယ်ထားတဲ့ အဆိုပါ ကစားသမား ၃၄ ဦးကို အနာဂတ် မြန်မာ့လက်ရွေးစင်အသင်းများအတွက် စနစ်တကျ လေ့ကျင့်ပေးသွားမယ်လို့လည်း သိရပါတယ်။

play

 

"ဒီပြိုင်ပွဲကို ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း အနာဂတ် မျိုးဆက်သစ် မြန်မာ့လက်ရွေးစင်ကစားသမားတွေ ပေါ်ထွက်နိုင်ရေးအတွက် ရွေးချယ်စိစစ်နိုင်ဖို့ ဖြစ်ပါတယ်။ရည်ရွယ်ခဲ့သလိုပဲ ခြေစွမ်းခြေစရှိပြီး ပါရမီပါတဲ့ ကလေးတွေကို ရွေးချယ်နိုင်ခဲ့ပါတယ်။ဒီကလေးတွေကို အနာဂတ် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းတွေအတွက် စနစ်တကျနဲ့ ပြုစုပျိုးထောင်ပေးသွားမှာပါ။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

ယခု တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၃)နှစ်အောက် အမျိုးသား ပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး နေပြည်တော် ယူ-၁၃ အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ အမျိုးသား ပြိုင်ပွဲအပြီးမှာ အမျိုးသမီး ပြိုင်ပွဲကိုလည်း ထပ်မံကျင်းပသွားဖို့ ရှိတယ်လို့လည်းသိရပါတယ်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video