AD
AD
AD

စက်တင်ဘာလ ၅ ရက်နေ့က ကစားဖို့ ပျက်ပြယ်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ်အသင်းတို့ရဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်အတွက် ဆုံးဖြတ်ချက်ကို လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ချမှတ်မယ်လို့ သိရပါတယ်။

play
မြန်မာ ၂-၂ ကာဂျစ် (အာရှဖလား ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်) မှ မြန်မာတိုက်စစ်မှူး ကျော်ကိုကိုရဲ့ ထိုးဖောက်ကစားဟန်။

 

ကာဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် ကစားရမယ့် အဆိုပါ ခြေစစ်ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ သတ်မှတ်ရက်အတိုင်း သွားရောက်ခဲ့ပေမယ့်လည်း လုံခြုံရေးပိုင်း ခြိမ်းခြောက်ခံရမှုကြောင့် ပြန်လာခဲ့ရကာ ပွဲပျက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play
မြန်မာ ၂-၂ ကာဂျစ်(အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်)မှ မြန်မာကစားသမား ဒေးဗစ်ထန်ရဲ့ ထိုးဖောက်ကစားဟန်။

 

အဆိုပါ ပွဲပျက်ခဲ့ရခြင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အာရှဘောလုံးအဖွဲ့ချုပ်ထံ တင်ပြ အကြောင်းကြားထားပြီး ကာဂျစ်ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း လိုအပ်ချက်အားလုံးကို ပြန်လည်ဖြည့်ဆည်းပေးဖို့ သဘောတူခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

"ပွဲပျက်ခဲ့လို့ ကာဂျစ်အဖွဲ့ချုပ်ဘက်က ပြန်လည်တောင်းပန်တာတွေ ကုန်ကျစရိတ်တွေ အကုန်လုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ဒါပေမယ့် ဒီပွဲကို ပြန်လည် ကစားဖို့ရှိမရှိဆိုတာကတော့ ကျွန်တော်တို့အနေနဲ့လည်း အာရှ ဘောလုံးအဖွဲ့ချုပ်ကို တင်ပြထားပါတယ်။အာရှဘောလုံးအဖွဲ့ချုပ်မှာ အခုလို ပွဲပျက်ခဲ့တာတို့ အခြားသော အကြောင်းအရာတွေအတွက် တိကျစွာသတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ ညှိုနှိုင်းနိုင်ဖို့ အကြောင်းအရာတွေ အတိအကျရှိပြီးသားပါ။ကျွန်တော်တို့ဖက်က ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကို အာရှဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ပေးမှာပါ။အခု ကျွန်တော်မေးထားချက်အရ လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဒီကိစ္စအတွက် ဆုံးဖြတ်ချက်ပေးမယ်လို့ သိထားရပါတယ်။" လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Duwun Sport ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆုံးဖြတ်ချက်ပေးနိုင်ဖို့အတွက် လက်ရှိမှာ Objection ၃ ခုထားရှိထားကြောင်းနှင့် ပထမအချက်အဖြစ် Nutural Ground မှာ ပြန်လည်ကစားစေမည်လား၊ ဒုတိယအချက်အဖြစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကစားစေမည်လား၊ တတိယအချက်အဖြစ် မြန်မာအသင်းကို ၃ ဂိုး ၃ မှတ် ပေးစေမည်လား အစရှိတဲ့ အချက် ၃ ချက်ကို ထားရှိထားပြီး အဆိုပါ အချက် ၃ ချက်ထဲမှ ရွေးချယ်စဉ်းစားဆုံးဖြတ်သွားမယ်လို့လည်း သိထားရပါတယ်။

မြန်မာအသင်းအနေနဲ့ အာရှဖလား ခြေစစ်ပွဲတွင် တစ်ပွဲနိုင် တစ်ပွဲ သရေ တစ်ပွဲရှုံး ရမှတ် ၄ မှတ်နဲ့ ခြေစစ်ပွဲအောင်ဖို့ အခွင့်အလမ်းရှိနေပြီး ၄၉ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ အာရှဖလား ၀င်ခွင့်အတွက် လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကစားမယ့် အိန္ဒိယနဲ့ ပွဲစဉ်မှာလည်း အရေးပါနေပါတယ်။

လက်ရှိမှာတော့ ခြေစစ်ပွဲအကြို ခြေစမ်းပွဲ ကစားနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို မနေ့က ညနေပိုင်းက အီးမရိတ်လေကြောင်းလိုင်းနဲ့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး မနက်ဖြန်မှာ ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနဲ့ ခြေစစ်ပွဲ ကစားမှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD