AD
AD
AD

နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်မှာ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အဆိုပါ ပွဲစဉ်တွင် အနိုင်ရရှိခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အိန္ဒိယအသင်းနဲ့ အာရှဖလား ခြေစစ်ပွဲစဉ်အတွက် ယုံကြည်မှု ပိုမိုရရှိခဲ့တယ်လို့ မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

"ကမ္ဘောဒီးယားအသင်းက အသင်းကောင်းတစ်သင်းပါ။ဒီနှစ်ထဲမှာ အရမ်းတိုးတက်လာတဲ့ အသင်းလည်း ဖြစ်ပါတယ်။ဒီပွဲအနိုင်ရလဒ်ကြောင့် ကစားသမားတွေအနေနဲ့လည်း လာမယ့် အိန္ဒိယနဲ့ ခြေစစ်ပွဲအတွက် ယုံကြည်မှု ပိုမိုရရှိခဲ့ပါပြီ။

 

အိန္ဒိယနဲ့ပွဲမှာလည်း အကောင်းဆုံး ရလဒ် ရရှိမယ်လို့ ယုံကြည်ထားပါတယ်။" လို့ မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ပွဲစဉ်တွင် နောက်ခံလူ ဇော်မင်းထွန်း၊တိုက်စစ်မှူး အောင်သူတို့ရဲ့ သွင်းဂိုးတွေနဲ့ ကမ္ဘောဒီးယားကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လာမယ့် အိန္ဒိယနဲ့ ခြေစစ်ပွဲမှာ ပွဲစဉ် ၅ အဖြစ် ကစားမှာ ဖြစ်ပေမယ့်လည်း ကာဂျစ်နဲ့ ပထမအကျော့ပွဲမှာ ပွဲပျက်ခဲ့တာကြောင့် ၄ ပွဲမြောက်ကစားမယ့် ပွဲလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာအသင်းအနေနဲ့ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးဖြင့် ရမှတ် ၄ မှတ်ရရှိကာ ကာဂျစ်အသင်းနဲ့အတူ ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ကာဂျစ်အသင်းနဲ့ ပွဲပျက်ခဲ့တဲ့ ပွဲစဉ်အတွက် ဆုံးဖြတ်ချက်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အာရှဘောလုံးအဖွဲ့ချုပ်က ဆုံဖြတ်ပေးမယ်လို့လည်း သိထားရပါတယ်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD