play

 

ဒူးဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်လျက်နေပြီး ဆရာဝန် ခွင့်ပြုချက်ရမယ်ဆိုရင် WLC-4 မှာ ပါဝင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ထွန်းထွန်းမင်းက ဒူးဒဏ်ရာကြောင့် WLC-1 ပွဲစဉ်အပြီးမှစကာ အနားယူခဲ့ရသူဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာ ပြန်လည်သက်သာလာတာကြောင့် WLC-4 မှာ ပြန်လည်ပါဝင်လာဖို့ ရေပန်းနေပြီး ဒဏ်ရာ အခြေအနေအရ ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှပဲ တွဲဆိုင်းစီစဉ်မယ်လို့ မြန်မာလက်ခမောင်းကုမ္ပဏီကနေ သိရပါတယ်။

play

 

"ကျွန်တော် ဒေ့ဖ်နဲ့ ပွဲကို ပြန်ထိုးဖို့ စီစဉ်နေပါတယ်။ ဒီနှစ်ထဲတော့ မထိုးဖြစ်ပါဘူး။၂၀၁၈ထဲမှာတော့ ထိုးဖြစ်ဖို့များပါတယ်။ဘယ်မှာ ထိုးဖြစ်မလဲကတော့ သေချာ မသိရသေးပါဘူး။လောလောဆယ်တော့ ဆရာဝန်က လက်ဝှေ့ ပြန်ထိုးခွင့်ပေးတာနဲ့ WLC ပွဲမှာ စပြီး ထိုးဖို့စီစဉ်နေပါတယ်" လို့ ထွန်းထွန်းမင်းက ပြောပါတယ်။

 

ကနေဒါနိုင်ငံသား မြန်မာ့ရိုးရာ လက်ဝှေ့သမား Dave Leduc နဲ့ ထိုးသတ်ခဲ့တဲ့ WLC -1 နိုင်ငံတကာဖိတ်ခေါ်ရိုးရာလက်ဝှေ့ပွဲမှာ ရရှိခဲ့တဲ့ ညာ ဖက်ဒူးဒဏ်ရာကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းက လက်ရှိအချိန်အထိ အနားယူနေရတာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video