AD
AD
AD

၂၀၁၉ ခုနှစ်အတွင်း ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အာရှဖလားပြိုင်ပွဲကို ၀င်ရောက်ခွင့်အတွက် ခြေစစ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားလျက်ရှိရာ ယနေ့ ည မြန်မာစံတော်ချိန် ည ၉ နာရီအချိန်မှာ အိန္ဒိယအသင်းနဲ့မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

အဆိုပါ ပွဲစဉ်ကိုတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနဲ့ အခပေးလိုင်းဖြစ်တဲ့ For Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

 

မြန်မာအသင်းအနေနဲ့ အာရှဖလား ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် အုပ်စုအတွင်းတွင် အိန္ဒိယ၊ကာဂျစ်နဲ့ မကာအိုအသင်းတို့နဲ့အတူ ကျရောက်လျက်ရှိကာ လက်ရှိမှာ ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးနိမ့်ထားကာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့မှာ ပထမအကျော့ မြန်မာမှာ ကစားခဲ့စဉ်က အိန္ဒိယအသင်းက နောက်ကျသွင်းဂိုးနဲ့အတူ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ၄၉ နှစ်ကြာဝေးကွာနေခဲ့တဲ့ အာရှဖလား ၀င်ခွင့်ကို ပြန်လည်ရရှိရေးအတွက် ယနေ့ညမှာ ကစားမယ့် အိန္ဒိယအသင်းနဲ့ပွဲစဉ်တွင် အနိမ့်ဆုံး သရေရလဒ်ရရှိအောင်ကစားထားဖို့လိုနေတာလည်း ဖြစ်ပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD