Local Sports: အောင်သူအပေါ် မှတ်ချက်ပေးခဲ့တဲ့ အာဆင်နယ်ကစားသမားဟောင်း ရောဘတ်ပီရက်

ရောဘတ် ပီရက်အနေနဲ့ အောင်သူကစားခဲ့တဲ့ ပွဲစဉ်အချို့နဲ့ သွင်းဂိုးအချို့ကို ကြည့်ရှုခဲ့ပြီး ယခုလို မှတ်ချက်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ရောဘတ်ပီရက်က မြန်မာ့လက်ရွေးစင်အသင်းမှ ရတနာပုံ တိုက်စစ်မှူး အောင်သူရဲ့ ကစားဟန်များအပေါ် မှတ်ချက်ပြုစကားများပြောကြားခဲ့ပါတယ်။

play

 

ရောဘတ် ပီရက်အနေနဲ့ အောင်သူကစားခဲ့တဲ့ ပွဲစဉ်အချို့နဲ့ သွင်းဂိုးအချိ့ကို ကြည့်ရှုခဲ့ပြီး ယခုလို မှတ်ချက်ပြု ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"အသက်က ၂၁ နှစ်ပဲရှိသေးတာနော်။တစ်ကယ်ကောင်းတာပဲ။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ အဆုံးသတ်ပိုင်းအရမ်းကောင်းတယ်လို့ မြင်တယ်။သူသွင်းသွားတဲ့ ဂိုးတွေမှာ ဂိုးသမားတွေအတွက် ဖမ်းဖို့ မလွယ်ကူတဲ့ အနေအထားတွေကို တွေ့ရတယ်။ခန္ဓာကိုယ်အနေအထားကလည်း ကောင်းမွန်မှုရှိတယ်။ဒါ့အပြင် သူ့မှာ အရမ်းကိုကောင်းမွန်တဲ့ ဟန်ချက်ညီမှုရှိတယ်လို့လည်းမြင်တယ်။" လို့ ရောဘတ်ပီရက်က မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အောင်သူအနေနဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ယနေ့ညမှာ ကစားမယ့် အိန္ဒိယအသင်းနဲ့ ခြေစစ်ပွဲမှာ ပါဝင်လာဖို့ရှိနေသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံ လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ရောဘတ်ပီရက်အနေနဲ့ အောင်သူရဲ့ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ကာတာအသင်းဖက်ကို သွင်းယူတဲ့ အဝေးကန်ချက်ဂိုးနဲ့ ကမ္ဘောဒီးယားအသင်းဖက်ကို သွင်းယူခဲ့တဲ့ အာရှ ယူ-၂၃ ပြိုင်ပွဲက သွင်းဂိုးတွေကို ကြည့်ရှုခဲ့ပြီး အခုလို သုံးသပ်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ရောဘတ် ပီရက်မှ အာဆင်နယ်အသင်းတွင် ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့ကာ၁၈၉ ပွဲကစားပြီး ၈၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Postby

Source- Fox Sports Asia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ