ူရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် လူငယ်တိုက်စစ်မှူး အောင်သူကို အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံး လိဂ်တစ်ခုဖြစ်တဲ့ ထိုင်းပရီးမီးယားလိဂ်မှ ထိပ်တန်းကလပ်အသင်းတစ်သင်းက ခေါ်ယူနိုင်ရေး ဆောင်ရွက်နေပြီလို့ ထိုင်းသတင်းရပ်ဝန်းများက ဖော်ပြလာတာကို တွေ့မြင်ရပါတယ်။

play

 

အောင်သူကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အသင်းမှာ ထိုင်းပရီးမီးယားလိဂ်မှ  Police Tero F.C. အသင်းဖြစ်ပြီး ကလပ်အသင်းအနေနဲ့ အောင်သူကို ခေါ်ယူနိုင်ရေး မကြာမီ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့လည်းထိုင်းသတင်းများက ရေးသားဖော်ပြထားပါတယ်။

play

အဆိုပါ  Police Tero F.C. အသင်းရဲ့ ဒါရိုက်တာ တစ်ဦးက ၎င်းရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာထက်မှာ "his name is Aung Thu" ဆိုတဲ့ စာသားတိုးလေး တစ်ကြောင်းကို အောင်သူရဲ့ ပုံနဲ့ ရေးသားဖော်ပြခဲ့ရာမှ ယခုလို သတင်းများ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

  

လက်ရှိမှာ အဆိုပါ သတင်းနဲ့ ပက်သက်ပြီး ရတနာပုံအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဟိန်းခိုင်က-"ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားလာတာတော့ မရှိသေးပါဘူး။ကစားသမားကိုယ်တိုင်ကလည်း ပြည်ပရောက်နေတာကြောင့် ဆွေးနွေးလို့ မရသေးပါဘူး။အခုလို အဆင့်မြင့်တဲ့ လိဂ် ၁ ကလပ်အသင်းတစ်သင်းကခေါ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ကစားသမားနဲ့ ဆွေးနွေးပြီး အသင်းပိုင်ရှင်ရဲ့ သဘောထားကိုရယူပြီးဆောင်ရွက်ပေးသွားမှာပါ။" လို့ Duwun Sports ကို ပြောခဲ့ပါတယ်။

Police Tero F.C အသင်းမှာ ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ထိုင်းလိဂ်(၁)မှာ အဆင့် ၉ နေရာရခဲ့ပေမယ့်လည်း ချန်ပီယံဆုကို ၂၀၀၀နဲ့ ၂၀၀၁ ခုနှစ်တွေမှာ နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါ့အပြင် ရှုံးထွက်ဖလားပြိုင်ပွဲမှာလည်း ၂၀၁၄ ခုနှစ်က ချန်ပီယံ ဖြစ်ထားတဲ့ အသင်းဖြစ်ပါတယ်။

ယခင် BEC Tero Sasana အမည်ကို ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အသုံးပြုမှာ ဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ်မှ စတင်ကာ Police Tero FC. အမည်ကို ပြောင်းလဲ အသုံးပြုတော့မှာ ဖြစ်တာလည်း ဖြစ်ပါတယ်။

အောင်သူအပါအ၀င် ရန်ကုန်ယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ကျော်ကိုကိုတို့ကို ထိုင်းလိဂ် (၂)မှ အသင်းများမှ ကမ်းလှမ်းမှုများပြုလုပ်ခဲ့ဖူးသော်လည်း လိဂ်အဆင့်အတန်းအရ မြန်မာနေရှင်နယ်လိဂ်နဲ့ မကွာလှတာကြောင့် သွားရောက်ခဲ့ခြင်း မရှိပေမယ့် ယခုတစ်ကြိမ်မှာတော့ လိဂ်အဆင့်အတန်းအရ ကစားသမားအတွက် များစွာ အကျိုးရှိစေတော့မှာ ဖြစ်တာကြောင့် ကလပ်အသင်းမှ ကမ်းလှမ်းလာပါက ရတနာပုံအသင်းအနေနဲ့ စေလွှတ်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Postby

Source- FourFourTwo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video