AD
AD
AD

နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့ ယူ-၂၁ အသင်းများအနေနဲ့ ပြိုင်ပွဲအကြို ခြေစမ်းပွဲ တစ်ရပ်အဖြစ် မွန်ဂိုလီးယား လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားသွားမယ်လို့ သိရပါတယ်။

play

 

အဆိုပါ ခြေစမ်းပွဲစဉ်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့မှာ ကျင်းပြုလုပ်သွားမှာ ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

 

နှစ်ပွဲစလုံးကို ညနေ ၆ နာရီမှာ ကစားစေမှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၄ရက်နေ့မှာ ယူ-၂၁ အသင်းနဲ့လည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ယူ-၂၃ အသင်းနဲ့လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မြန်မာအသင်းများအနေနဲ့ လာမယ့် ဒီဇင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ယူ-၂၃ ဖိတ်ခေါ် M-150 ပြိုင်ပွဲနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် သတင်းစာဖလား ဖိတ်ခေါ်ပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

မွန်ဂိုလီးယားအသင်းအနေနဲ့ လက်ရွေးစင်အသင်းနဲ့ လာရောက်ခြေစမ်းမှာ ဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၉၇ နေရာမှာ ရပ်တည်နေတဲ့အသင်းတစ် သင်းလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD