မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် အင်္ဂလန်ကလပ် ရှက်ဖီးဝင်းနက်စဒေးအသင်းမှာ ကစားနေတဲ့ မြန်မာလူမျိုး ကစားသမား စောကလာဟယ်ကိုခေါ်ယူနိုင်ရေး နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

play

 

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် အကြိုပြင်ဆင်မှုတစ်ရပ်အဖြစ် ကလာဟယ်ကို ပထမဆုံး နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် စတင်ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

play

 

"ကျွန်တော်တို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့ဖက်က ချုပ်ဆိုလိုတဲ့ စာချုပ်သက်တမ်းနဲ့ သူတို့ဖက်က ချုပ်ဆိုလိုတဲ့စာချုပ်သက်တမ်း ညှိုနှိုင်းဖို့ လိုပါသေးတယ်။ဒါ့အပြင် အခြား အရေးကြီးတဲ့ အချက်တွေလည်း ညှိနှိုင်းဖို့ ကျန်နေပါသေးတယ်။" လို့ ရန်ကုန်ယူနိုက်တက် ပြန်ကြားရေး တာဝန်ခံ ဦးမျိုးမြင့်သောင်းက Duwun Sports ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

 

ကလာဟယ်အနေနဲ့ မြန်မာလူမျိုးဖြစ်ပေမယ့်လည်း အင်္ဂလန်နိုင်ငံသား ပတ်စပို့ကို ကိုင်ဆောင်ထားတာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ နိုင်ငံခြားသားခေါ်ယူမှု စာရင်းတွင်သာ ထည့်သွင်းနိုင်မှာလည်း ဖြစ်ပါတယ်။

ကလာဟယ်မှာ အင်္ဂလန်ကလပ် ရှက်ဖီးယူနိုက်တက်အသင်း အကယ်ဒမီမှာ ဘောလုံးပညာကို သင်ကြားခဲ့ပြီး လက်ရှိမှာတော့ လတ်ဗီးယားကလပ် (Wikipedia) FK Jalgavaအသင်းမှာ ကစားနေတာလည်း ဖြစ်ပါတယ်။

မူလက ကလာဟယ်ကို မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားပေးနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video