AD
AD
AD

လစ်လပ်လျက်ရှိတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ နည်းပြရာထူးအတွက် အာရှတိုက်သားနည်းပြ တစ်ဦးကို အမြန်ဆုံးခန့်အပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

play
လမ်းခွဲလိုက်တဲ့ နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာ

 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနဲ့အတူ အောင်မြင်မှု မရယူနိုင်ခဲ့တဲ့ နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာနဲ့ လမ်းခွဲပြီးနောက် ယခုလို နည်းပြသစ်ခန့်အပ်နိုင်ရေး ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် အာရှတိုက်သားနည်းပြတစ်ဦးကို အမြန်ဆုံး ခန့် အပ်နိုင်ရေးဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSports ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ အမြန်ဆုံး ခန့်အပ်နိုင်ရေး ဆောင်ရွက်နေပါတယ်။အခုလောလောဆယ်တော့ ဘယ်နိုင်ငံသားနည်းပြဖြစ်မလဲ အတည်မပြုနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်အကြားအရေးကြီးတဲ့ဆွေးနွေးမှုတွေလုပ်ဖို့ ကျန်သေးလို့ပါ။သေချာတာကတော့ အာရှတိုက်သားနည်းပြတစ်ဦးကိုခန့်အပ်ဖြစ်ဖို့ များပါတယ်။" လို့ ဦးကိုကိုသိန်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိးသမီးအသင်းအတွက် ယခင်က ဂျပန်လူမျိုးနည်းပြ ကုမာဒါတာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိမှာလည်း နည်းပြသစ်မှာ ဂျပန်လူမျိုးနည်းပြဖြစ်လာဖို့များနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD