AD
AD
AD

လာမယ့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ စတင်ကျင်းပပြုလုပ်မယ့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းသစ် တစ်ကွင်းထပ်မံပေါ်ထွက်လာမယ်လို့ သိရပါတယ်။

play
နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း

 

လာမယ့် မြန်မာနေရှင်နယ်လိဂ်(၁) ပြိုင်ပွဲကို ယခင်နှစ်အတိုင်း အသင်း (၁၂)သင်းနဲ့ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပြီး တန်းတက်အသင်းများအဖြစ် မဟာယူနိုက်တက်နဲ့ မြ၀တီအသင်းတို့ တန်းတက်လာကာ တန်းဆင်းအ သင်းများအဖြစ် ချင်းယူနိုက်တက်နဲ့ နေပြည်တော်အသင်းတို့ တန်းဆင်းခဲ့ပါတယ်။

 

တန်းတက်လာတဲ့ မြ၀တီအသင်းအနေနဲ့ ၎င်းတို့ရဲ့ အိမ်ကွင်းအဖြစ် နေပြည်တော်ရှိ ဇေယျာသီရိ အားကစားကွင်းကို အသုံးပြုမယ်လို့ သိရတာကြောင့် မြန်မာနေရှင်နယ်လိဂ်(၁)မှာ အိမ်ကွင်းသစ်တစ်ကွင်း ထပ်မံပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မဟာယူနိုက်တက်အသင်းအနေနဲ့ စစ်ကိုင်းတိုင်းကိုယ်စားပြုကာ ယှဉ်ပြိုင်ကစားနိုင်ဖို့နဲ့ ယခင် ဇေယျာရွှေမြေအသင်းအမည်နဲ့ အိမ်ကွင်းလက်ခံကျင်းပခဲ့တဲ့ မုံရွာကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားဖို့ ရှိတယ်လို့လည်း သိရလို့ အိမ်ကွင်းလက်ခံကျင်းပခွင့်ရပါက နှစ်ကွင်းထပ်တိုးလာမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနေရှင်နယ်လိဂ် (၁)တွင် အိမ်ကွင်းအသုံးပြုနေနိုင်သည့်အသင်းများအဖြစ် ရန်ကုန်၊ရတနာပုံ၊ရှမ်း၊ဆောက်သမ်း၊ဧရာဝတီ၊ရခိုင်၊ ဟံသာဝတီ၊တို့အပြင် ယခု တန်းတက်လာတဲ့ မြ၀တီအသင်းနဲ့ ဆိုလျှင် အိမ်ကွင်းစုစုပေါင်း ၈ ကွင်းအထိ ရှိလာမှာလည်း ဖြစ်ကာ အိမ်ကွင်း အသုံးမပြုနိုင်သေးတဲ့အသင်းတွေအတွက် အသုံးပြုပေးနေတဲ့ သုဝဏ္ဏနဲ့ အောင်ဆန်းကွင်းအပါအ၀င် စုစုပေါင်း ၁၀ ကွင်းကို အသုံးပြု ယှဉ်ပြိုင် မှာလည်း ဖြစ်ပါတယ်။

တန်းဆင်းအသင်းများဖြစ်တဲ့ ချင်းနဲ့ နေပြည်တော်တို့မှာအသင်းဖျက်သွားတာကြောင့် လိဂ်(၂)မှာ ၆ သင်းတည်းသာ ရှိတော့တာကြောင့်လည်း အသင်းပိုမိုများပြားလာရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD