AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် Police Tero FC အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်တဲ့ ရတနာပုံအသင်းမှ မြန် မာ့လက်ရွေးစင် ကစားသမား အောင်သူရဲ့ နောက်ဆက်တွဲ အသေးစိတ်အချက်အလက်များကို ယနေ့ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူလို့ သိရပါတယ်။

play

 

မူလက အောင်သူရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး လစာ၊စာချုပ်သက်တမ်း၊အစရှိတဲ့ အသေးစိတ်အချက်အလက် များကို ယနေ့ ထုတ်ပြန်ပေးမယ်လို့ ရတနာပုံအသင်းက သတင်းထုတ်ပြန်ပေးခဲ့သော်လည်း ယခုအခါ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းမှာ အရေးပေါ် ခရီးထွက်ခွာသွားခဲ့ရလို့ ထုတ်ပြန်ပေးနိုင်ခြင်း မရှိတော့ပဲ ရက်နောက်ဆုံးထားရ တယ်လို့ ရတနာပုံအသင်း မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ဟိန်းခိုင်က ပြောကြားထားပါတယ်။

play

“အသင်း ဥက္ကဋ္ဌဒေါက်တာ စိုင်း ခရီးသွားနေတာကြောင့် ယနေ့ ထုတ်ပြန်ပေးမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။အောင်သူ အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းကိုတော့ ရတနာပုံအသင်းက တရားဝင် ထုတ်ပြန်ပေးထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

 

မနေ့က ညနေပိုင်းက Police Tero FC အသင်းမှ တာဝန်ရှိသူများနဲ့ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းတို့ အောင်သူရဲ့ အပြောင်းအရွှေ့အတွက်ဆွေးနွေးခဲ့ကြပြီး ညပိုင်းမှာ ရတနာပုံအသင်းက အောင်သူ ထိုင်းလိဂ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

အောင်သူရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး-" ထိုင်းပရီးမီးယားလိဂ်လို အဆင့်မြင့်တဲ့ နေရာမှာ သွားရောက်ကစားရမှာဆိုတော့ အောင်သူအတွက်ရော မြန်မာ့ လက်ရွေးစင် အသင်းအတွက်ပါ ကောင်းမွန်တဲ့ သက်ရောက်မှု ရှိပါတယ်။ ထိုင်းလိဂ်အသင်းတွေက နည်းစနစ်လည်း ကောင်းမွန်တယ်၊ ကစားအား (ပါဝါ)လည်းရှိကြတယ်။ ၂ နှစ်လောက် ထိုင်းလိဂ်မှာ ကစားလိုက်မယ်ဆိုရင် အောင်သူ ဟာ ဒီထက်ပိုတဲ့ ခြေစွမ်း၊ ကြံ့ခိုင်မှု အပြည့်နဲ့ဒေါင်ဒေါင်မြည့် ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ ဒါဆိုရင် မြန်မာ့ လက်ရွေးစင် အသင်းအတွက် အများကြီး အကျိုးပြုနိုင်ပါလိမ့်မယ်။ ဒီမှာပဲ ကစားနေမယ်ဆိုရင်တော့ သူ့အတွက် တိုးတက်မယ့်လမ်းက ကြန့်ကြာနေမှာပါ။ သူ့ရဲ့အပြောင်းအရွှေ့အတွက် ဂုဏ်ယူပါတယ်" ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီကလည်း ဂုဏ်ပြုအားပေးစကား ပြောထား ပါတယ်။

လက်ရှိမှာတော့ အောင်သူရဲ့ အပြောင်းအရွှေ့နဲ့ပက်သက်ပြီး အသေးစိတ် ထုတ်ပြန်ပေးမယ့် ရက်ကိုလည်း သိရှိရခြင်း မရှိသေးပဲ အောင်သူအနေနဲ့ ထိုင်းလိဂ်(၁)ကို ပထမဆုံး သွား ရောက်ကစားမယ့် ပထမဆုံးကစားသမားလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ယခင်က မြန်မာ့လက်ရွေးစင် ကစားသမားအချို့ ထိုင်းလိဂ်ကို သွားရောက်ကစားခဲ့ဖူးသော်လည်း ယခုလို လိဂ်(၁)မှာ ကစားဖူးခြင်းတော့ မရှိပါဘူး။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD