AD
AD
AD

ထိုင်းလိဂ်(၁)ကလပ် Police Tero FC ကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်တိုင်းလိုလိုကို ပါဝင်ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။

play

 

အောင်သူအနေနဲ့ နိုင်ငံခြားကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တာကြောင့် မြန်မာ့လက်ရွေးစင်အ သင်းရဲ့ ခြေစမ်းပွဲများတွင် ဖီဖာအသိအမှတ်ပြုတဲ့ ပွဲစဉ်များမှ လွဲ၍ ကျန်ပွဲစဉ်များကို ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

play

“အကြောင်းကတော့ အခြားလိဂ်တစ်ခုကိုရောက်သွားတဲ့အတွက် သူတို့မှာလည်း လိဂ် calendar အရ ဒီက လက်ရွေးစင်အသင်းရဲ့ပွဲစဉ်နဲ့ တိုက်ဆိုင်နေတဲ့အခါ ဖီဖာအသိအမှတ်ပြု ပွဲစဉ်ဆိုရင်တော့ မဖြစ်မနေ လွှတ်ပေးရ ပါတယ်။အဲ့လိုမဟုတ်ပဲ သာမန် ခြေစမ်းပွဲတွေဆိုရင်တော့ သူတို့ဖက်က မလွှတ်ပေးလို့ ရပါတယ်။ဒီလိုအနေအ ထားမျိုးမှာလည်းဘယ်ကလပ်အသင်းမှ ကိုယ့်ကစားသမားကို မလွှတ်ကြပါဘူး။” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

 

ဒါကြောင့် အောင်သူအနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကစာမယ့် မြန်မာယူ-၂၃ အသင်းနဲ့ မွန်ဂိုလီးယား လက်ရွေးစင်အသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

အဆိုပါ ခြေစမ်းပွဲစဉ်မှာ ဖီဖာရဲ့ သတ်မှတ်ချက်အရ ကစားခြင်းမဟုတ်ပဲ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ချစ်ကြည်ရေး  ခြေစမ်းပွဲအဖြစ်သာ ကစားခြင်းကြောင့် ကလပ်အသင်းမှ ကစားသမားကိုခွင့်မပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

အောင်သူအနေနဲ့ ထိုင်းလိဂ်(၁)ကလပ်အသင်းနဲ့ စာချုပ် ချုပ်ဆိုမယ့် နေ့ရက်နဲ့ ပြောင်းရွှေ့ကြေးအသေးစိတ်ကိုတော့ နှစ်ဖက်အသင်းက ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။

Postby

Photos- Shwe Boat

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD