ဟံသာဝတီယူနိုက်တက်အသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမားမောင်မောင်လွင်ကို ရန်ကုန်ယူနိုက်တက်အသင်းက ၃ နှစ် စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ပြီလို့ သိရပါတယ်။

play

 

မောင်မောင်လွင်အနေနဲ့ ဟံသာဝတီယူနိုက်တက်အသင်းမှာ ကစားသမားဘ၀ကို စတင်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလားကို ၂၀၁၅ ခုနှစ်မှာ ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနဲ့အတူ ထွန်းတောက်လာတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

 

အသင်းပြောင်းရွှေ့ခဲ့တာနဲ့ ပက်သက်ပြီး မောင်မောင်လွင်က -" ကျွန်တော်အားလုံးကိုနှုတ်ဆတ်ခဲ့ပါတယ် .ကျွန်တော်ဘဝအတွက် ကျွန်တော်မိသားစုအတွက်  ဆုံဖြတ်ချက်တစ်ခုချလိုက်တာပါ။ ကျွန်တော်ကိုဒီအသက်ဒီအရွယ်ထိ ဒီအဆင့်ထိရောက်အောင် ပြုစုပျိုးထောင်းပေးခဲ့တယ်။ Hantharwady United Fc .အသင်းအုက်ချုပ်သူ . နည်ပြဆရာများ နဲ့ players တွေကိုလဲဘယ်သောမှမေ့မှာမဟုတ်ပါဘူး။ ကျွန်တော်အချိန်တန်းရင် အိမ်ပြန်လာခဲ့ပါ့မယ်။" လို့ ၎င်းရဲ့ လူမှု ကွန်ရက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုတစ်ရပ်အဖြစ် မောင်မောင်လွင်နဲ့အတူ ချင်းယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ဆောင်လမန်ကိုလည်း ခေါ်ယူထားနိုင်ပြီ ဖြစ်ပါတယ်။

Postby

Photo- Yangon United FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video