AD
AD
AD

ကမ္ဘာ့အဆင့် ၁၉၇ မှာ ရပ်တည်နေတဲ့ မွန်ဂိုလီးယား လက်ရွေးစင် အသင်းနဲ့ ခြေစမ်းကစားမယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နည်းပြချုပ်မစ္စတာ ဂတ်ဆီဇီက အတွေ့အကြုံကောင်းတွေရမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းများအနေနဲ့ လူငယ်အသင်းများဖြစ်တာအပါအ၀င် မွန်ဂိုလီးယားအသင်းမှာ အာဆီယံပြင်ပမှ အသင်းတစ်သင်း ဖြစ်တာကြောင့်မတူညီတဲ့ ကစားဟန်များကြောင့် မြန်မာလူငယ်ကစားသမားများအတွက် အကျိုးရှိစေမယ့် ခြေစမ်းပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ယူ-၂၃ အသင်းကို တာဝန်ယူကိုင်တွယ်မယ့် မစ္စတာ ဂတ်ဆီဇီက က ထုတ်ဖော်ပြောခဲ့ပါတယ်။

 

"ဘောလုံးရပ်တည်မှု အဆင့်အတန်းကို အဓိက မကြည့်ပါဘူး။မွန်ဂိုလီးယာားအသင်းက အာဆီယံ ဒေသတွင်း ပြိုင်ဘက် မဟုတ်သလို ခန္ဓာကိုယ် ဖွဲ့စည်းပုံလည်း တောင့်တင်းတဲ့အတွက် ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားရမှာပါ။ အရှေ့အာရှဖက်ခြမ်းမှာ ရှိတာကြောင့် မတူညီတဲ့ ကစားဟန် ကိုလည်း တွေ့ကြုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။အဓိကကတော့ ကျွန်တော်တို့အတွက် အကျိုးရှိစေမှာပါ။" လို့ ဂတ်ဆီဇီက ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာ ယူ-၂၁ နဲ့ ယူ-၂၃ အသင်းများမှာ ဒေသတွင်း ဖိတ်ခေါ်ပွဲတွေ သွားရောက်ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲများအတွက် ပွဲကြိုပြင်ဆင်မှု တစ်ရပ် အဖြစ် ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။

"ဘောလုံးတစ်သင်းနဲ့တစ်သင်း အဆင့်အတန်းကွာတယ် ဆိုပေမယ့် နိမ့်တဲ့အသင်းဆီကနေလည်း မြင့်တဲ့အသင်းက အတွေ့အကြုံကောင်းတွေ ရနိုင်သလို မြင့်တဲ့အသင်းထံကနေလည်း အတွေ့အကြုံကောင်းတွေ ရနိုင်ပါတယ်။အခုလို မွန်ဂိုလီးယားအသင်းနဲ့ ခြေစမ်းပွဲဟာလည်း ကျွန် တော်တို့ ကလေးတွေအတွက် အများကြီး အကျိုးရှိစေမှာပါ။" လို့ ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်မယ့် ဦးကြည် လွင်က ပြောပါတယ်။

မြန်မာ ယူ-၂၁ အသင်းနဲ့ မွန်ဂိုလီးယားအသင်းတို့ရဲ့ ခြေစမ်းပွဲကို မနက်ဖြန် ညနေ ၆ နာရီမှာ လည်းကောင်း၊ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲကို ၂၆ ရက်နေ့ ညနေ ၆ နာရီမှာ လည်ကောင်း အသီးသီးသီး ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Postby

Photo- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD