အင်္ဂလန် ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှက်ဖီး ယူနိုက်တက်အကယ်ဒမီအသင်းမှာ ပါဝင်ကစားခဲ့ တဲ့ ကရင်လူမျိုး ကစားသမား စောကလာဟယ်ကို ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ပျက်ပြယ်ခဲ့ပြီလို့ သိရပါတယ်။

play

 

လက်ရှိမှာ လတ်ဗီးယားကလပ်အသင်းတစ်သင်းမှာ ကစားနေတဲ့ စောကလာဟယ်ကို ရန်ကုန်ယူနိုက်တက်အ သင်းက ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ပေမယ့်လည်း ညှိုနှိုင်းမှုများ အဆင်မပြေတာကြောင့် လာရောက်ကစားနိုင်မှာမဟုတ်တော့ဘူးလို့ ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာ တာန်ဝခံ ဦးမျိုးမြင့်သောင်းက ပြောကြားခဲ့ပါတယ်။

play

 

ကလာဟယ်အနေနဲ့ မူလက မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားပေးချင်သော်လည်း အဆင်မပြေတာ   ကြောင့် မြန်မာ့လက်ရွေးစင်အသင်းမှာရွေးချယ်ခွင့်မရခဲ့ပေ။

 

ယခုတစ်ခါမှာလည်း ပြည်တွင်းကလပ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းရာမှာလည်း ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

ကာလာဟယ်ကိုခေါ်ယူဖို့ ကိစ္စပျက်ပြယ်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ဟံသာဝတီအသင်းမှ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူ စာချုပ်ခဲ့ပါတယ်။

Postby

Source- Yangon United

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video