AD
AD
AD

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၇ ခုနှစ် အာရှအမျိုးသားဟော်ကီ ဖိတ်ခေါ်ပြိုင်ပွဲကို မနက်ဖြန် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play
၂၉ ကြိမ်မြောက် ဆီးဂိမ်းဗိုလ်လုပွဲမှာ မြန်မာနဲ့မလေးရှားတို့ ယှဉ်ပြိုင်ခဲ့စဉ်

 

ယခုပြိုင်ပွဲမှာ အာရှဒေသတွင်း ဟော်ကီအားကစားနည်းဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အဓိက ရည်ရွယ်ပြီး အာရှဟော်ကီအဖွဲ့ချုပ်က ကြီးမှူး ကျင်း ပပေးနေတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

play

ဒီပြိုင်ပွဲကိုတော့ ၂၀၁၃ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာ စတင်ကျင်းပပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

ယခုပြိုင်ပွဲမှာတော့ အိမ်ရှင် မြန်မာအသင်း၊ဟောင်ကောင်၊တိုင်ပေနဲ့ ဘရူနိုင်းအသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အုပ်စုပတ်လည် နှစ်ကျော့ စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် တရုတ်တိုင်ပေအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းကိုတော့ အ​ရှေ့​တောင်​အာရှ ​ဟော်​ကီပြိုင်​ပွဲတွင်​ ဒုတိယဆု ​ငွေတံဆိပ်​ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့  မြန်​မာ့လက်​​ရွေးစင်​ အမျိုးသား​ဟော်​ကီအသင်း နည်းပြ ပါကစ္စတန်​နိုင်​ငံသား Mr. Zahid Ali ကိုပင် ဆက်လက်တာဝန်ယူ ကိုင်တွယ်စေလျက်ရှိပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD