ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းဘုရင့်ဖလား ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ပိုက် ကျော်ခြင်း အသင်းများ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

play

 

ပြိုင်ပွဲမှာ အမျိုးအစားပေါင်း ၁၀ မျိုး ထည့်သွင်းကျင်းပမယ်လို့ သိရပြီး မြန်မာ ပိုက်ကျော်ခြင်း အဖွဲ့အနေနဲ့ အမျိုးအစား ၄ မျိုးတွင် ၃ ယောက်တွဲနဲ့ ၂ ယောက်တွဲ အမျိုးသားအမျိုးသမီး ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်းသိရပါတယ်။

 

"အဓိကကတော့ ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် အာရှအားကစားပွဲတော်မှာ အောင်မြင်မှုရရှိဖို့အတွက် လူငယ်တွေ အတွေ့အကြုံကောင်းတွေ ပိုင် ဆိုင်ထားဖို့လိုပါတယ်။ဒါကြောင့် ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ လူငယ်တွေကို အတွေ့အကြုံကောင်းတွေရအောင် ဦးစားပေးယှဉ်ပြိုင်စေမှာပါ။" လို့ မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယခုပြိုင်ပွဲကို မြန်မာပိုက်ကျော်ခြင်း အဖွဲ့ချုပ်အနေနဲ့ စီနီယာကစားသမားများကို ဦးဆောင်စေကာ လူငယ်သွေးသစ်အများစုကို ဦးစားပေး စေလွှတ်ယှဉ်ပြိုင်စေမယ်လို့လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video