AD
AD
AD

ထိုင်းလိဂ်(၁)ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရစ်ချတ် ဘူရီအသင်းကလည်း မြန်မာ့လက်ရွေးစင်ကစားသမားမောင်မာင်လွင်ကို ခေါ်ယူဖို့ ဆက်သွယ်လာတယ်လို့ သိရပါတယ်။

play

 

အဆိုပါ ကလပ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ထိုင်းလိဂ်(၁)မှာ အဆင့် ၆ ရရှိခဲ့တဲ့အသင်း ဖြစ်ပြီး မောင်မောင်လွင်ကိုခေါ်ယူနိုင်ရေး ဆက် သွယ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း မောင်မောင်လွင်အနေနဲ့ အဆိုပါ ကမ်းလှမ်းမှုကို သိရှိခဲ့ခြင်း မရှိပဲ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့တယ် လို့ မောင်မောင်လွင်က ပြောခဲ့ပါတယ်။

 

"ကမ်းလှမ်းမှုကို ကျွန်တော် ကြိုမသိလိုက်ပါဘူး။ကျွန်တော်ရန်ကုန်နဲ့ စာချုပ်ချုပ်ပြီးသွားမှ ဒီကမ်းလှမ်းမှု ရှိခဲ့တယ် ဆိုတာ သိရတာပါ။တစ်ကယ် လို့သာ ကြိုသိခဲ့ရင် ကျွန်တော်လည်း သွားရောက်ကစားဖို့ ဆန္ဒရှိပါတယ်။" လို့မောင်မောင်လွင်က Duwun ကို ပြောပါတယ်။

အဆိုပါ ရစ်ချတ် ဘူရီကလပ်အသင်းအနေနဲ့ မောင်မောင်လွင်ကို ဒေါ်လာ ၅၀၀၀ အပါအ၀င် အခြားအခွင့်အရေးများနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ် တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။

မောင်မောင်လွင်မှာ ယခုနှစ်ရာသီတွင် ဟံသာဝတီယူနိုက်တက်မှ ရန်ကုန်ယူနိုက်တက်အသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

Postby

Photos- Kg Htet Myat Zaw

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD