AD
AD
AD

စက်တင်ဘာလ ၅ ရက်နေ့က လုံခြုံရေးခြိမ်းခြောက်ခံရမှုကြောင့်ပွဲပျက်ခဲ့ရတဲ့ ကာဂျစ်-မြန်မာပွဲစဉ်ကို လာမယ့် ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ပြန်လည် ကစားရန် အာရှဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

play
ပထမအကျော့ မြန်မာနိုင်ငံမှာ ကစားခဲ့စဉ်(၂-၂)

 

အဆိုပါ ဆုံးဖြတ်ချက်အရ ပြိုင်ပွဲကစားမယ့် ကြားနိုင်ငံကို မြန်မာနိုင်ငံက ရွေးချယ်ရမှာ ဖြစ်ပြီး ကာဂျစ်ဘောလုံးအဖွဲ့ချုပ်က ကုန်ကျစရိတ်အကုန်လုံးကို ကျခံပေးရမှာလည်း ဖြစ်ပါတယ်။

 

ပြန်လည်ကစားရမယ့် နိုင်ငံကို နှစ်နိုင်ငံ သဘောတူညီမှုမရပါက အာရှဘောလုံးအဖွဲ့ချုပ်က ကြားဝင်ဆောင်ရွက်ပေး မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ပြန်ကန်ပွဲကစားမယ့် နိုင်ငံနဲ့ အချိန်ကိုတော့ ဆုံးဖြတ်ရခြင်း မရှိသေးပဲ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြန်လည်ရွေး ချယ်ရမှာ ဖြစ်တာကြောင့် အနီးဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ပြန်လည် ကျင်းပဖို့ များတယ်လို့လည်းသတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာအသင်းအနေနဲ့ ကာဂျစ်နဲ့ ပြန်ကန်ပွဲကစားပြီးပါက မကာအိုအသင်းနဲ့ မတ်လ ၂၇ ရက်နေ့မှာ ဆက်လက် ကစားရမှာလည်း ဖြစ်ပါတယ်။

အဆိုပါ နှစ်ပွဲစလုံးမှာ အနိုင်ရပါက မြန်မာအသင်းအနေနဲ့ နှစ် ၅၀ ကြာ ဝေးကွာနေတဲ့ အာရှဖလား ပြိုင်ပွဲကို ပထမ ဆုံးအကြိမ် ၀င်ခွင့် ပြန်လည်ရရှိမှာလည်း ဖြစ်ပါတယ်။

Postby

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD