AD
AD
AD

တရုတ်တိုင်ပေတွင် ကျင်းပပြုလုပ်မည့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသို့ဆုကြေးငွေ သိန်း (၃၀၀)နှင့် USD 5000 ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဆုကြေးငွေများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း မှ သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် မှ သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ USD (5000)ဦးထွန်းထွန်းလင်းမှ သိန်း(၅၀)၊ ဦးမျိုးသူရမှ သိန်း (၅၀) စုစုပေါင်း ကျပ်သိန်း ၃၀၀နှင့် USD 5000 ဖူဆယ်အသင်းသို့ချီးမြှင့်ပေးခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

 

နိုဝင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ MFF-MNL AWARD NIGHTမှာ ဖူဆယ်အသင်းကို ဂုဏ်ပြုခဲ့ခြင်း မရှိတဲ့ အပေါ် လက်ရွေးစင်ကစားသမားအချို့ စိတ်မကောင်းဖြစ်ခဲ့ကြပြီး ၎င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်တွင် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူပြီဆိုတဲ့ စာသားများကိုရေးသားဖော်ပြခဲ့ကြပြီးနောက် တာဝန်ရှိသူများက အခုလို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေနဲ့ ငွေဆောင်ကမ်းခြေသို့ ရောက်ရှိကာ ၂၀၁၈ ခုနှစ်  အာရှဖူဆယ် ပြိုင်ပွဲနဲ့ အာဆီယံ ဖူဆယ်ပြိုင်ပွဲများအတွက် အနားယူလျက်ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာရှဖူဆယ်ချန်ပီယံရှစ်ဝင်ခွင့် ခြေစစ်ပွဲအဖြစ် ဗီယက်နမ်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုနှင့် အသန့်ရှင်းဆုံးဆုရရှိခဲ့သဖြင့် အာရှဖူဆယ်ချန်ပီယံရှစ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

အာရှချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်တိုင်ပေ မှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ ဘာရိန်း၊ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ဂျပန်၊တောင်ကိုရီးယား၊တရုတ်၊ထိုင်း၊မလေးရှား၊ဗီယက်နမ်၊အီရန်၊ဥဇဘက်ကစ္စတန်၊ကာဂျစ်စတန်၊တာဂျစ်စတန် တို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD