AD
AD
AD

ရတနာပုံအသင်းမှ ပြောင်းရွှေ့သွားတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူမှာ အသင်းသစ် Police Tero FC  အသင်းနဲ့ စာချုပ်ချုပ်ဆိုမှု ကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

play

 

အောင်သူအနေနဲ့ အဆိုပါ ကလပ်အသင်းကို ရတနာပုံအသင်းမှ တစ်နှစ်အငှားနဲ့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀၀၀နဲ့ ပြောင်းရွှေ့ရောက်ရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

Police Tero အသင်းအနေနဲ့ အောင်သူကို ပထမဆုံး မြန်မာနိုင်ငံသားကစားသမားအဖြစ် ခေါ်ယူစာချုပ်ခဲ့တာ ဖြစ်ပြီး ၂၉ရက်နေ့က ဆေးစစ်မှု ပြုလုပ်ခဲ့အပြီး မနေ့က မီဒီယာမိတ်ဆက်ပွဲပြုလုပ်အပြီး တရားဝင်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

play

အောင်သူအနေနဲ့ Police Tero FCအသင်းနဲ့အတူ နံပါတ် ၁၀ ဂျာစီနံပါတ်ကို ၀တ်ဆင်ကစားမှာဖြစ်ပြီး ယခုလမှာစတင်မယ့် လေ့ကျင့်ခန်းအစီအ စဉ်များမှ စတင်ပူးပေါင်းသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ထိုင်းလိဂ်(၁)ကို လာမယ့်ဖေဖော်ဝါရီလမှ ပြန်လည်စတင်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD