AD
AD
AD
play

 

ထိုင်းလိဂ်-၁ အသင်းတစ်သင်းဖြစ်တဲ့ Police Tero FC အသင်းနဲ့တစ်ရာသီ အငှားစာချုပ်ချုပ်ဆိုထားတဲ့အောင်သူဟာ အသင်းနဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာတော့မယ်လို့ သိရပါတယ်။

play

 

အောင်သူဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က Police Tero အသင်းနဲ့ ဆေးစစ်ခဲ့ပြီး တစ်နှစ် အငှားစာချုပ်ကို တရားဝင်လက်မှတ်ထိုးခဲ့ပါတယ်။ ယင်းနောက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး လက်ရှိအချိန်မှာ နေရပ်ကို ပြန်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

play

 

အောင်သူဟာ Police Tero အသင်းမှာ တစ်လကို ဒေါ်လာ ၇၀၀၀ နဲ့ စာချုပ်ချုပ်ဆိုထားပြီး အခြားခံစားခွင့်တွေလည်း ရရှိမယ်လို့ သိရပါတယ်။ Police Tero အသင်းအနေနဲ့ အောင်သူကို တစ်ရာသီအငှားနဲ့ခေါ်ယူထားတာဖြစ်ပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Postby

 

အောင်သူဟာ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံကို ထွက်ခွာမှာဖြစ်တာကြောင့် ဒီဇင်ဘာ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ့် M-150 ဖိတ်ခေါ်ပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေပြီး အာရှဖလားခြေစစ်ပွဲမှသာ ပြန်လည်ကစားပေးနိုင်မှာဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD